ပင်လုံမြို့၌ မီးဘေးသင့်နေအိမ်(၂)လုံးအား မြန်မာနိုင်ငံ​ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လုံမြို့၌ မီးဘေးသင့်နေအိမ်(၂)လုံးအား မြန်မာနိုင်ငံ​ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများပေးအပ်


MNP ၊ မတ်  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ၊ ရပ်ကွက် (၁)၊ ယုဇနလမ်းတွင် (၂.၃.၂၀၂၃) ရက်နေ့က မီးဘေးသင့်ခဲ့သည့်နေအိမ်(၂)လုံးအား ပင်လုံမြို့၊ မြန်မာနိုင်ငံကြက်​ခြေနီအသင်း၊ မြို့နယ်ဒု-တပ်ဖွဲ့မှူး စိုင်းလွင်ခမ်းနှင့် လွိုင်လင်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးခွန်စံညွန့်တို့ ပူးပေါင်း၍ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။


မီးဘေးသင့်မှုအတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ပစ္စည်းများဖြစ်သော ရေသန့်ပုံး(၁)ပုံး၊ ရေပုံး(၁)ပုံး၊ လက်သည်းညှပ်(၁)ခု၊ အမျိုးသမီးလစဉ်သုံးပစ္စည်း(၂)ထုပ်​၊ သွားတိုက်တံ (၅)ခု၊ သွားတိုက် ဆေး(၅)ဘူး၊ မျက်နှာသုတ်ပုဝါ(၅)ခု၊ ကိုယ်တိုက်ဆပ်ပြာ(၅)ခဲ၊ ဆပ်ပြာခွက်(၅)ခု၊ အဝတ်လျှော်ဆပ်ပြာ(၅)တုံး၊ အိမ်သာသုံးစက္ကူ(၅)လိပ်၊ ဆပ်ပြာမှုန့်(၁)ထုပ်၊ ခေါင်းလျှော်ရည်(၁)ဘူး၊ သောက်ရေခွက် (၂)ခွက်၊ ခေါင်းဘီး(၁)ချောင်း၊ မှန်(၁)ချပ်၊ ရေသန့်ဆေးပြား(၃)ခု၊ မုတ်ဆိတ်ရိတ်ဓား(၅)လက်၊ တာပေါ်လင်စ (၂)ခု၊ စောင်(၂)ထည်၊ ခြင်ထောင်(၁)လုံး၊ ပုဆိုး(၁)ထည်၊ လုံခြည်(၁)ထည်၊ ကလေး (ကျား)ဘောင်းဘီ(၁)ထည်၊ ကလေး (ကျား) အင်္ကျီ(၁)ထည်​၊ ကလေး(မ)စကတ်(၁)ထည်၊ ကလေး(မ)အင်္ကျီ(၁)ထည်၊ ကြိုး(၁)ချောင်း၊ တူ(၁)လက်၊ မီးဖိုချောင်းသုံးပစ္စည်း(၁)၊ ပလတ်စတစ်ပုံး(၁)ပုံး စုစုပေါင်း(၂၁)မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


အဆိုပါထောက်ပံ့မှုကို ပင်လုံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ ပင်လုံမြို့၊မြန်မာနိုင်ငံကြက်​ခြေနီအသင်း၊လွိုင်လင်မြို့နယ်၊ ကြက်ခြေနီ အသင်းခွဲ၊ ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးတို့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)