အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်နှင့် လူသုံးကုန် ဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေး ဘုရားကြီးမြို့ စည်ပင်သာယာဈေးတွင် ရှောင်တခင်ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်နှင့် လူသုံးကုန် ဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေး ဘုရားကြီးမြို့ စည်ပင်သာယာဈေးတွင် ရှောင်တခင်ကွင်းဆင်းစစ်ဆေး




MNP ၊ မတ်  ၁၁

ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဘုရားကြီးမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ဘုရားကြီးမြို့၊ စည်ပင်သာယာဈေးတွင် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်နှင့်လူသုံးကုန် ဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပဲပြား၊ ပဲသွေး၊ ပဲငပိ၊ ငပိ၊ အမဲသွေး၊ မုန့်ဖတ်၊ နန်းကြီးဖတ်နမူနာများတွင် တားမြစ်တာရှည်ခံဆေးများ ပါဝင်ခြင်းရှိ/မရှိကို ရွေ့လျားဓာတ်ခွဲယာဉ်တွင်ပါရှိသည့် တစ်ခါသုံး ဓာတ်ဆေးပစ္စည်းများဖြင့် ချက်ချင်းစစ်ဆေးရာ ပဲသွေး (၂) မျိုးတွင် ဖော်မလင်ပါဝင်ကြောင်း တွေ့ရှိရသဖြင့် ပဲသွေးများကိုသိမ်းဆည်း၍ လည်းကောင်း မုန့်ဆိုင်တစ်ဆိုင်တွင် သက်တမ်းလွန် အသင့်စား ခေါက်ဆွဲခြောက်ထုတ်များ တွေ့ရှိသဖြင့် သိမ်းဆည်းကာ ရောင်းချသူစျေးသည်များအား နောက်နောင်ရောင်းချခြင်း မပြုလုပ်ရန် ခံဝန်ကတိရေးထိုးစေခဲ့ခဲ့သည်။


ထို့အပြင် အလှကုန်ဆိုင်တစ်ဆိုင်တွင် သုံးစွဲရန်မသင့် ကြေညာထားသော အလှကုန်တစ်မျိုးတွေ့ရှိသဖြင့် သိမ်းဆည်း၍ အလှကုန်နှင့် လူသုံးကုန်အရောင်းဆိုင်များတွင် Online Media များမှ တရားမဝင်ကြော်ငြာသောပစ္စည်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦး စီးဌာနမှသုံးစွဲရန်မသင့် ကြေညာထားသောပစ္စည်းများကို ရောင်းချခြင်းမပြုရန် လည်းကောင်း စျေးအတွင်းနှင့် အနီးရှိဆေးဆိုင်(၉)ဆိုင်တွင် ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဥ်၊ ကောင်းမွန်သောဆေးဝါး သိုလှောင်မှု ကျင့်စဥ်တို့နှင့်


ညီ/ မညီစစ်ဆေးရာ ဆေးဝါးလက်လီရောင်းချခွင့်မရှိပဲ ဆေးဝါးရောင်းချနေသည့်ဆိုင် (၁) ဆိုင်၊ သက်တမ်းလွန်ဆေးဝါးတွေ့ရှိသည့်ဆိုင် (၁) ဆိုင်တို့ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ခံဝန်ကတိရေးထိုးစေခဲ့ပြီး အကိုက်အခဲပျောက်ဆေးနမူနာ (၂) မျိုး ဝယ်ယူကာ တိုင်း FDAရုံး(ပဲခူး)ရှိ Mini Labတွင် TLC နည်းဖြင့် စံကိုက်ခြင်းရှိ / မရှိ စစ်ဆေးလျက်ရှိကြောင်းနှင့် လက်ဖက်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နမူနာများအား ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိ ဓာတ်ခွဲခန်းတွင် ခွင့်မပြုဓာတုဆိုးဆေးများ ပါဝင်ခြင်းရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ရှောင်တခင် ကွင်းဆင်းစစ်ဆေးရာတွင် စျေးဝယ်သူများနှင့် စျေးရောင်းသူများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် အစားအသောက်ဘေးအန္တရာယ် ကင်းရေးအတွက်လိုက်နာရမည့် အဓိကအချက်(၅)ချက်၊ အစားအသောက်ခွင့်မပြုဆိုးဆေး အန္တရာယ်၊ တားမြစ်တာရှည်ခံဆေးများနှင့် အလှကုန်/လူသုံးကုန် ဘေးကင်းစေရေးများပါဝင်သည့် လက်ကမ်းစာစောင်များဝေငှ၍ လူထုအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ရာ စျေးဝယ်သူများနှင့် စျေးရောင်းသူများမှ စိတ်ဝင်တစား ပူးပေါင်းပါဝင်ခဲဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)