မိုင်းယောင်းမြို့နယ်တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့နယ်တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်





MNP ၊ မတ်  ၁၁

အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀) တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပုံချို(ဝေး)ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဒေသခံပြည်သူများအား လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် သွားနှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးအားနည်းရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ပုံချို(ဝေး)ကျေးရွာ၊ ပါပျက်ကျေးရွာ၊ ပါဆန်းကျေးရွာနှင့် မိုင်းဟော့ကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူ ၁၂၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ပေးနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးရဲသွေးထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မုန်းလိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်ပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment