မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုလျှက်ရှိ





MNP ၊ မတ်  ၁၃

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ယနေ့ နံနက် ၉ နာရီကစတင်ကာ မြောက်ဦးမြို့နယ် အတွင်း စာစစ်ဌာန(၃)ခု၌ ကျောင်းသား၊ကျောင်း သူစုစုပေါင်း(၇၇၉)ဦးတို့ ကတည်ငြိမ်အေးချမ်းစွာဝင်ရောက်ဖြေဆိုလျှက်ရှိကြောင်းသိရသည်။ 


ထို့နောက် ကျောင်းသား၊ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုနိုင်ရန်အတွက် မြို့နယ် အ ဆင့် ဌာနဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှအတွင်းစည်း၊ အပြင်စည်းများဖြင့်ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးလျှက်ရှိသည်။မြောက်ဦးမြို့နယ်အတွင်းရှိ စာ စစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား၊ ကျောင်းသူ စုစု ပေါင်း (၈၆၆)ဦးရှိပြီး အ.ထ.က(၁)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ (၃၈၆)ဦး၊ အထက-၂ စာစစ်ဌာနတွင်(၂၈၈)ဦး၊ အထက-မြောင်းဘွေစာစစ်ဌာနတွင်(၁၀၅)ဦး၊ စုစုပေါင်းစာစစ်ဌာန(၃) မှ ဝင်ရောက်ဖြေဆိုသူ(၇၇၉)ဦး၊ ပျက်ကွက် (၈၇) ကြောင်း ၊ စာစစ်ဌာန (၃) ခုတွင် ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ရာခိုင်နှုန်း (၈၉.၉၅) ရှိပြီး ပျက်ပျက်ရာခိုင်နှုန်းမှ (၁၀.၀၅) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)