ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်



MNP ၊ မတ်  ၁၃

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ဦးခေမာစာရ(သုတသွေး-စံဖဲ)မှ မုဒိတာစကားပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အမှုဆောင်နှင့် မြို့နယ်စာရေးဆရာအသင်း (နာယက)ဒေါက်တာမြင့်သန်း (ညောင်လေးပင်)က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်း (မောင်စုမြင် -ညောင်လေးပင်)က အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်မည့် အကြောင်းအရာများအားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှုး ဒေါ်နီနီဝင်းမှ သင်တန်းဖွင့်လှစ်မည့်အကြောင်းအရာများအား ထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။


၎င်းနောက် ဆွေးနွေးပြီးသော အကြောင်းအရာများအား ဆုံးဖြတ်ချက်များချမှတ်ခဲ့ကာ မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အမှုဆောင်နှင့် မြို့နယ်စာရေးဆရာအသင်း (နာယက) ဒေါက်တာမြင့်သန်း (ညောင်လေးပင်)မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။


ထို့နောက် တတ်ရောက်လာကြ‌သော စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင် များမှသိရှိလိုသည်များအား အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)