ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၄၅၈ ဦး အေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၄၅၈ ဦး အေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆို





MNP ၊ မတ်  ၁၃

         ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ယနေ့၊ ဓာတုဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ၄၅၈ ဦး၊  အေးချမ်းစွာဖြင့် ဝင်ရောက် ဖြေဆိုလျက်ရှိသည်။


ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်းစာ​မေးပွဲကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်ပြီး၊ စာစစ်ဌာန(၄)ခု ဖွင့်လှစ်ကာ  ၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ စတင်စစ်ဆေးလျက်ရှိရာ ယနေ့၊ ဓာတုဗေဒဘာရပ်ကို အထက(ပုဏ္ဏားကျွန်း)စာစစ်ဌာနတွင် စာရင်းရှိ ၃၂၇ ဦး၊ ဖြေဆိုသူ ၂၇၅ ဦး၊ အထက(ခွဲ)-မြိုမတွင် စာရင်းရှိ ၁၃၈ ဦး၊ ဖြေဆိုသူ ၁၂၀ ဦး၊ မူ(လွန်)-ရွာဟောင်းတွင် စာရင်းရှိ ၅၅ ဦး၊ ဖြေဆိုသူ ၄၅ ဦး၊ မူ(လွန်)-စံပြ(၂)တွင် စာရင်းရှိ ၂၄ ဦး၊ ဖြေဆိုသူ ၁၈ ဦး၊ စုစုပေါင်း ဖြေဆိုသူ ၄၅၈ ဦး၊ ဖြေဆိုပျက်ကွက်သူ ၈၆ ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)