ဝါးခယ်မမြို့နယ်၌ စည်းကမ်းမဲ့အမှိုက်မပစ်စေရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်၌ စည်းကမ်းမဲ့အမှိုက်မပစ်စေရေး ကွင်းဆင်းဆောင်ရွက်




MNP ၊ မတ်  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က စည်းကမ်းမဲ့ အမှိုက်မပစ်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံညွှန်ကြားမှုဖြင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ရာအိမ်မှူးများ ပူးပေါင်း၍ ပြည်သူများအား စည်းကမ်းမဲ့အမှိုက်မပစ်စေရေး အသိပေးပြောကြားခဲ့ပြီး ဝါးခယ်မမြို့ ရွှေခယ်ဧရာ အ‌ဝေးပြေးကားဝန်းအတွင်း၊ လှေကျင်းရပ်ကွက်နှင့် မြသိန်းတန်ရပ်ကွက်များတွင် စည်းကမ်းမဲ့ အမှိုက်ပစ်သူများအား အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်ခြင်းနှင့် နောင်တွင် အမှိုက်များအား စနစ်တကျ စွန့်ပစ်ရန် အသိပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ယင်းသို့ ဆောင်ရွက်ရခြင်းသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ လျော့နည်းပပျောက်စေရန်နှင့် မြို့သန့်ရှင်း သာယာလှပစေရန် ရည်ရွယ်ချက်များဖြင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။


ဟိန်းထက်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment