ငပလီမြို့တွင်၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဓာတုဗေဒဘာသာရပ်အား ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့တွင်၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဓာတုဗေဒဘာသာရပ်အား ဖြေဆိုလျက်ရှိ





MNP ၊ မတ်  ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့တွင် ယနေ့နံနက်ပိုင်းက   ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဓာတု​ဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်းသိရသည်။


ငပလီမြို့စာစစ်ဌာနတစ်ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်   စာရင်းရှိ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၃၁၉)ဦးရှိရာ ယနေ့ ဓာတု​ဗေဒဘာသာရပ်​​ေ​ဖြဆိုသူ​စာရင်းရှိ(၁၃၆)ဦး ဝင်ရောက်ဖြေဆိုသူ(၁၃၃)ဦး၊ ပျက်ကွက်သူကျား(-)ဦး၊မ(၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ငပလီမြို့အတွင်းရှိ ကျောင်း သား/သူများ တက္ကသိုလ်ဝင်တန်းစာ​မေးပွဲကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ငပလီမြို့အ​ထွေ​ထွေအုပ်ချုပ်ရေး​၊မြို့အုပ်ချုပ်​​ရေးမှူးနှင့်အဖွဲ့ဝင်များမှကြီးကြပ်ပြီး၊ စာစစ်ဌာန(၁)ခု ဖွင့်လှစ်၍  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ စာစစ်ဌာနများသို့ မြို့အုပ်ချုပ်​​ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မလိုလားအပ်သည့်ပြဿနာများမဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ကျောင်းသူများစိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းပြင်ပလုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)