မင်းတုန်းမင်းတရားကြီး ရဲ့ ထုံးကို နှလုံးမူ၍ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတုန်းမင်းတရားကြီး ရဲ့ ထုံးကို နှလုံးမူ၍


သတင်းစာလောကမှာတော့ မင်းတုန်းမင်းတရားကြီးရဲ့ အမိန့်တော်ကို အလေးအမြတ်ပြု ပြောဆိုကြလေ့ ရှိပါတယ်။

ငါမကောင်းလျှင် ငါ့ကိုရေး။

ငါ့မိဖုရား မကောင်းလျှင် မိဖုရားကို ရေး။

 ငါ့သားသမီး မကောင်းလျှင် သားသမီးကို ရေး။

 လွှတ်တရားသူကြီး  မကောင်းလျှင် တရားသူကြီးကို ရေး။

 မြို့ဝန်မကောင်းလျှင် မြို့ဝန်ကို ရေး။

 မင်းတို့သတင်းစာ၌  အပြစ် မရှိစေရ။

 နန်းတော်တွင်းသို့ သတင်းစာတိုက်က မည်သူမဆို

 အဆီးအတားမရှိ  ဝင်ထွက်စေ။

 

ယနေ့ အချိန်မှာတော့ သတင်းစာဆရာ၊ ဂျာနယ်လစ် အစရှိတဲ့ ပုဂ္ဂိုလ်တွေက ကောင်းခြင်း၊ မကောင်းခြင်း ကို စိစစ်အကဲဖြတ်ခြင်း မရှိဘဲ ချစ်သူကို သာစေ၊ မုန်းသူကို နာစေ လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုတွေကိုသာ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေတဲ့ အခါကြတော့ မင်းကြီးက စလို့ လွှတ်တရားသူကြီး မြို့ဝန် အစ မီဒီယာသမားဆို အဝင်ခံဖို့ ဝေးစွ မျက်နှာချင်းစုံရင်တောင် စေ့စေ့ မကြည့်စေချင်တော့ဘူး။


သတင်းစာ ပညာနဲ့ တိုင်းဖျက် ပြည်ဖျက်လုပ်နေတဲ့သူတွေ ရှိတာကို မငြင်းပါဘူး။ ကိုယ်တွေလည်း ဒါကိုပဲ ထိုင်ပြီး တုန့်ပြန်ပြောဆိုနေတာ ဖြစ်ပါတယ်။


ကျုပ်တို့ကတော့ မင်းတုန်းမင်းကြီး အမိန့်ရှိသည့် အတိုင်းပဲ -

နစက ဥက္ကဋ္ဌ မကောင်းလျင် နစကဥက္ကဋ္ဌ ကို ရေးရမှာပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးများ မကောင်းလျှင် ပြည်ထောင်စုဝန်ကြီးများကို ရေးရမှာပဲ ဖြစ်ပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ မကောင်းလျှင် ဝန်ကြီးချုပ်များကို ရေးရမှာပဲ ဖြစ်ပါတယ်။

ခရိုင်မှူးများ မကောင်းလျှင် ခရိုင်မှူးများ၊ မြို့နယ်မှူးများ မကောင်းလျှင် မြို့နယ်မှူးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မကောင်းလျှင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ရေးရ ပြောရမှာပဲ ဖြစ်ပါတယ်။


(ကောင်းတာကို ရေးဖို့လည်း ကျုပ်တို့ အနေနဲ့ လက်မတွံ့ဘူးဆိုတာကို အသိပေးလိုပါတယ်။)


နိုင်ငံတော်အကြီးအကဲတွေက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးမှာ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ဖို့ မေတ္တာရပ်ခံတယ်။ ခရိုင်၊ မြို့နယ်အဆင့်က ပုဂ္ဂိုလ်တွေက ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဝင်ရှုပ်တယ်လို့ ထင်တယ်။ အဲဒီလို ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မလိုလားတဲ့ ပုဂ္ဂိုလ်များကတော့ ဥပဒေကို မျက်ကွယ်ပြုပြီး ရာထူးအာဏာကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာလိုခြင်းအတွက်ကြောင့် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မလိုလားခြင်းပဲ ဖြစ်ပါတယ်။


ဥပဒေကို လေးစားပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားသူတိုင်း (မဟုတ်တာ မလုပ်တဲ့သူတိုင်း) က ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် လက်ခံကြမှာပဲ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေက ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်နေရင် မျက်ကွယ်ပြုပြီး နေလို့ မရပါဘူး။ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် (သို့မဟုတ်) အဂတိလိုက်စားပြီး မသိကျိုးကျွန်ပြု တစ်ခုခုကိုတော့ မလွဲမသွေ လုပ်ကြပါလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူ အနေနဲ့ က ဥပဒေနဲ့အညီ လုပ်တဲ့ ကိစ္စကို ဆိုဖွယ်ရာ မရှိပေမယ့် အဂတိလိုက်စားပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ပျက်ကွက်လာရင်တော့ မင်းတုံးမင်းတရားကြီး အမိန့်တော်မြတ်ကို နာခံပြီး လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)