ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင် ရေးအ တွက် ဈေးရောင်းချသူများကို မီးငြိမ်းသတ်ရေးလေ့ကျင့်မှုများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင် ရေးအ တွက် ဈေးရောင်းချသူများကို မီးငြိမ်းသတ်ရေးလေ့ကျင့်မှုများပြုလုပ်





MNP ၊ မတ်  ၁၃

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အတွက် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ ပူးပေါင်း၍ ယမန်နေ့ ညနေ ပိုင်းအ ချိန်က မီးငြိမ်းသတ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထို့သို့ ဆောင်ရွက်ရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ ဝင်များတို့က မြို့မဈေးကြီး မီးဘေးအန္တရာယ်လုံခြုံရေးအတွက် မတော်တဆ မီးလောင်မှု ဖြစ်ပွား ပါက မီးသတ်ဆေးဗူးဖြင့် စနစ်တကျ မီးငြိမ်းသတ်နိုင်မှုအကြောင်းကို ရှင်းလင်း ပြောကြား ပြီး မီးလောင်မှုဖြစ်ပွားနေစဉ် မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်တတ်စေရန် မီးလောင်ကျွမ်းမှုအား ရေစို အဝတ်ဖြင့် ဖုံးအုပ် မီးသတ်ခြင်းများကို ဈေးသူ၊ ဈေးသား များအား လက်တွေ့ သရုပ် ဖော်ပြ သခြင်းတို့ကို ဇာတ်တိုက် လေ့ကျင့် ဆောင်ရွက်ခဲ့သည်။


ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း နှင့် မီးသတ်တပ် ဖွဲ့ဝင် များ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ဝင်များ၊ ဈေးကော်မတီ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှုးများ၊ ဈေးသူ /ဈေးသားများ က မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြို တင် ကာကွယ်ရေးအတွက် ရေကန်များ၊ ရေပိုက်ခေါင်းများ ၊ မီးချိတ်၊ မီးကပ်များ၊ မီးသတ်ဆေးဗူးများ ထားရှိမှု ၊ မီးသတ်ဆေးဗူးများ ဟောင်းနွမ်းပါက အသစ်လဲလှယ် တပ်ဆင်ကြစေရန် နှင့် ဈေး အ တွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခြင်း ၊ ဈေးအနီးရှိ ဈေးရောင်းချသည့် ဆိုင်ရှေ့၌ မြောင်းများ အတွင်း ရေများပိတ်ဆိုမှုမဖြစ်ပေါ်စေရန် နှင့် အမှိုက်များအား စနစ်တကျ စွန့်ပစ်စေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment