ပူတာအိုခရိုင်အတွင်းရှိ ဖုန်ကန်ရာဇီရေခဲတောင်သို့ ခရီးသွားများ တက်ရောက်မှု ယခင်နှစ်များထက်များလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုခရိုင်အတွင်းရှိ ဖုန်ကန်ရာဇီရေခဲတောင်သို့ ခရီးသွားများ တက်ရောက်မှု ယခင်နှစ်များထက်များလာ




MNP ၊ မတ်  ၁၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်သည် မြန်မာနိုင်ငံမြောက်ဘက်အစွန်းဆုံးတွင် တည်ရှိသော ခရိုင်ဖြစ်ပြီး ပူတာအို ခရိုင်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းစဉ်သည် ထင်ပေါ်ကျော်ကြားသော ခရီးစဉ်ဒေသ တစ်ခုဖြစ်ရာ ယခုနှစ်တွင် ဖုန်ကန်ရာဇီရေခဲတောင်သို့ ခရီးသွားများတက်ရောက်မှု ယခင်နှစ်များထက် များပြားလာကြောင်း သိရသည်။


ဖုန်ကန်ရာဇီရေခဲတောင်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၁၉၂၀ ရှိပြီး မြန်မာနှင့် အိန္ဒိယနယ်စပ်တွင် ရှိသည့် ရေခဲတောင်ဖြစ်သည်။ ၎င်းရေခဲတောင်ခြေကျေးရွာများမှ ဒေသခံပြည်သူများသည် ရေခဲတောင် များကို အမှီပြုပြီး ရာသီအလိုက် စားဝတ်နေရေးအတွက် ရှာဖွေလုပ်ကိုင်ကြရာ မိုးရာသီအချိန်တွင် ရာသီပေါ် သဘာဝ အဖိုးတန် ရှားပါးပစ္စည်းဖြစ်သည့် ဆေးမြစ်ဆေးဉများကို ရှာဖွေရောင်းဝယ်လျက်ရှိခြင်းနှင့် ဆောင်းရာသီကာလ များတွင် ရေခဲတောင်တက်အဖွဲ့များကို လမ်းပြခြင်း၊ အထမ်းလိုက်ခြင်းနှင့် ခရီးသွား စာဖိုမှူး စသည့်အလုပ်များ ဖြင့် ဝင်ငွေရှာဖွေအသက်မွေးဝမ်းကျောင်းပြုလျက်ရှိကြောင်း သိရသည်။


ရေခဲတောင်တက်ခရီးသည် ခက်ခဲသည့် ခရီးကြမ်းဖြစ်ပြီး ရေခဲတောင်တက်ခရီးသည် အသွားအပြန် ရက်သတ္တပတ် တစ်ပတ်၊ (၆)ရက်(၇)ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။ ဖုန်ကန်ရာဇီရေခဲတောင်ကို အများ အားဖြင့် ဒီဇင်ဘာလမှဧပြီ လအတွင်း တက်ရောက်ပါက ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရသည်။


“ကျွန်တော်တို့ အသွားအပြန်ပုံမှန်က ၆ ရက် ၇ ရက်ကြာတယ်။ ဖုန်ကန်က ဒီဇင်ဘာလကနေ ဧပြီလအထိ တက် လို့ရတယ်။ ဒါပေမဲ့ တစ်နှစ်နဲ့တစ်နှစ် မတူဘူး။ တစ်ခါတစ်လေ ဒီဇင်ဘာမှာရေခဲမကျဘူးလို့ အမည် မဖော်လိုသူ ဒေသခံလမ်းပြတစ်ဦးကပြောသည်။


အဆိုပါ ဖုန်ကန်ရာဇီရေခဲတောင်ကို ယခင်နှစ်များတွင် ကိုဗစ်-၁၉ ရောဂါကြောင့် တောင်တက်အဖွဲ့နည်းသွား ခဲ့သော်လည်း ယခုနှစ်တွင် ဖုန်ကန်ရာဇီရေခဲတောင်သို့ တက်ရောက်သည့် တောင်တက်အဖွဲ့ ဇန်နဝါရီတစ်လ အတွင်း အဖွဲ့(၁၀)ဖွဲ့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။


ဖုန်ကန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment