သီပေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနေ့စဉ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနေ့စဉ်ဆောင်ရွက်


MNP ၊ မတ်  ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် စာမေးပွဲလာရောက်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ကျောင်းကြို၊ ကျောင်းပို့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ လမ်းသွား၊ လမ်းလာမော်တော်ယာဉ်များ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွား စေရေးနှင့် ယာဉ်တိုက်မှုမဖြစ်ပွားစေရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သီပေါမြို့နယ်တွင် အ.ထ.က(၁) သီပေါစာစစ်ဌာနနှင့် အ.ထ.က နမ့်လန် စာစစ်ဌာန(၂)ခုထားရှိ ဆောင်ရွက်လျက်ရှိရာ အဆိုပါစာစစ်ဌာနများ၌ ယနေ့ဖြေဆိုသည့် ဓာတုဗေဒဘာသာရပ်အား စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ခင်လေး

 https://t.me/MyanmarNationalPost






No comments:

Post a Comment