မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို



MNP ၊ မတ်  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပဖြေဆိုနေပြီဖြစ်ရာ ယ‌နေ့နံနက် (၉)နာရီက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို အထက(မိုင်းရှူး) စာစစ် ဌာနနှင့် အထက(ဝမ်ကန်)စာစစ်ဌာန ၂ခုတို့တွင် ကျောင်းသား၊ကျောင်းသူ(၇၉)ဦးတို့က အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိသည်။


မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဘာသာရပ်အား ဖြေဆိုရန်စာရင်းရှိ ကျောင်းသား(၃၀)ဦး၊ကျောင်းသူက (၅၉)ဦး၊ စုစုပေါင်း(၈၉)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၆)၊ကျောင်းသူ(၅၃)ဦး၊စုစုပေါင်း(၇၉)ဦးအထိရှိပြီး ဖြေဆိုမှုရာခိုင်နှူန်းမှာ (၈၈.၇၆)ရာခိုင်နှုန်းရှိကြောင်း သိရသည်။


သန်းလူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)