ရွှေတောင် မြို့နယ် တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဓာတုဗေဒ ဘာသာရပ်၌ ၉၃ ရာခိုင်နှုန်းခန့် ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ် တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဓာတုဗေဒ ဘာသာရပ်၌ ၉၃ ရာခိုင်နှုန်းခန့် ဖြေဆို




MNP ၊ မတ်  ၁၃

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တွင်ယနေ့ နံနက်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒ သဘာသာရပ်ကို ဖြေဆိုရာ ရွှေတောင်မြို့နယ်အတွင်းရှိ စာ​ဖြေဌာန( ၄ )ခု၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့သည်။


ရွှေတောင်မြို့နယ် တွင် ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူ ၄၂၀

 ဦးရှိသည့်အနက် ၃၉၃ ဦး ဖြေဆိုသည့်အတွက် ၉၃ ဒသမ ၅၇ ရာခိုင်နှုန်း ဖြေဆိုကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။ 


အဆိုပါ စာစစ်ဌာန များသို့ခရိုင်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များကကျောင်းသား၊ ကျောင်းသူများဓာတုဗေဒ ဘာသာရပ်ကို စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုများကိုလိုက်လံကြည့်ရှုခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment