စဉ့်ကူးမြို့ မြို့မရဲစခန်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့ မြို့မရဲစခန်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသ




MNP ၊ မတ်  ၁၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို စဉ့်ကူးမြို့ မြို့မရဲစခန်းတွင် ယမန်နေ့ နံနက် (၈) နာရီက ဆောင်ရွက်ခဲ့​သည်။


စဉ့်ကူးမြို့နယ်တွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှု လျော့နည်းစေရေးအတွက် စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နီချစ် ၏ ဦးဆောင်မှုဖြင့် စဉ့်ကူးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချမ်းပြည့်ကျော်နှင့် တပ်ဖွဲ့ဝင်များကပူးပေါင်း၍  စဉ့်ကူးမြို့ မြို့မရဲစခန်းတွင် မီးဘေးအန္တရာယ် ဖြစ်ပွားပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးဘေးအန္တရာယ် ဖြစ်ပွားပြီးပါက ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာများအား အသိပညာပေး ပြောကြားခြင်းများဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်မီးငြှိမ်းသတ်နိုင်စေရန် မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့​ကာ မြို့မရဲစခန်းမှ အရာရှိ၊ အခြားအဆင့်၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား လက်တွေ့ လုပ်ဆောင်စေခြင်းများ ဆောင်ရွက်ခဲ့သည်။


အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်း ဆောင်ရွက်ရာသို့ စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နီချစ်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်စိန်၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချမ်းပြည့်ကျော် နှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၆၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment