ပရီးမီးယားလိပ်ပွဲစဉ် ၂၆ စနေ့နေ့ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိပ်ပွဲစဉ် ၂၆ စနေ့နေ့ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - မတ်  ၁၁


ပရီးမီးယားလိပ်ပွဲစဉ် ၂၆အဖြစ် စနေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၇:၀၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီနေ့ညမှာတော့ ပရီးမီးယားလိပ်ပွဲစဉ် ၆ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပြီး အစောဆုံးစဉ်အဖြစ် ဘုန်းလ်မောက်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။


ဘုန်းလ်မောက် - လီဗာပူးလ် (ယနေ့ည ၇:၀၀)

ဘုန်းလ်မောက်အသင်းနှင့် လီဗာပူးလ်အသင်းတို့ဟာ ဘုန်းလ်မောက်အိမ်ကွင်း ဗီတာလတီမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘုန်းမောက်အသင်းဟာ ခံစစ်ပိုင်းအားနည်းတဲ့ အသင်းဖြစ်ပြီး မာကျောမှုလည်းမရှိတာကြောင့် တိုက်စစ်ဂိုးမြူးနေတဲ့ ဧည့်သည်လီဗာပူးလ်ကဘဲ ဂိုးပြတ်နိုင်ပွဲ ရယူသွားပါလိမ့်မယ်။ (ခန့်မှန်းရလဒ် ဘုန်းလ်မောက် ၀ - ၃ လီဗာပူးလ်)


အဲဗာတန် - ဘရန်းဖို့ဒ် (ယနေ့ည ၉:၃၀)

အဲဗာတန်အသင်းနှင့် ဘရန်းဖို့ဒ်အသင်းတို့ဟာ အဲဗာတန်အိမ်ကွင်း ဂွတ်ဒီဆင်ပေါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နှစ်သင်းလုံး မာကျောတဲ့အသင်းတွေဖြစ်ပြီး ခံစစ်ကစားတဲ့ ကစားပုံချင်းလည်းတူညီတာကြောင့် ဂိုးနည်းပြီး သရေရလဒ်သာ ထွက်ပေါ်ပါလိမ့်မယ်။(ခန့်မှန်းရလဒ် အဲဗာတန် ၁ - ၁ ဘရန်းဖို့ဒ်)


လိဒ် - ဘရိုက်တန် (ယနေ့ည ၉:၃၀)

လိဒ်ယူနိုက်တက်အသင်းနှင့် ဘရိုက်တန်အသင်းတို့ဟာ လိဒ်အိမ်ကွင်း အယ်လ်လန်ရုတ်ဒ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်တို့ဟာ လက်ရှိမှာ ရုန်းကန်နေရပြီး နောက်ဆုံး၅ပွဲမှာ ၁ပွဲသာအနိုင်ရထားပါတယ်။ဘရိုက်တန်ကတော့ အသင်းကောင်းတစ်သင်းဖြစ်ပြီး လိဒ်ကိုအနိုင်ကန်ဖို့ လုံလောက်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားတာကြောင့် နှစ်ဖက်ဂိုးများပြီး ဧည့်သည်ဘရိုက်တန်တို့ အနိုင်ရသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် လိဒ် ၁ - ၃ ဘရိုက်တန် )


လက်စတာ- ချဲလ်ဆီး  (ယနေ့ည ၉:၃၀)

လက်စတာစီးတီးအသင်းနှင့် ချဲလ်ဆီးအသင်းတို့ဟာ လက်စတာအိမ်ကွင်း ကင်းန်ပါဝါမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။လက်စတာဟာ ခံစစ်ပိုင်းအားနည်းတဲ့အသင်းဖြစ်ပြီး အဓိကကစားသမားတွေလည်း ဒဏ်ရာနေတာကြောင့် အခြေအနေတွေက ချဲလ်ဆီးဘက်မှာပါ။ချဲလ်ဆီးက တိုက်စစ်ပိုင်းအားနည်းတဲ့အသင်းဖြစ်တာကြောင့် ဂိုးကွာဟချက်နည်းနည်းဖြင့် ဧည့်သည် ချဲလ်ဆီးအသင်းက နိုင်ပွဲရယူသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် လက်စတာ၀ - ၁ ချဲလ်ဆီး )


စပါး - နော်တင်ဟမ်ဖောရက်စ် (ယနေ့ည ၉:၃၀)

တော်တင်ဟမ်ဟော့စပါးအသင်းနှင့် နော်တင်ဟမ်ဖောရက်စ်အသင်းတို့ဟာ စပါးအိမ်ကွင်းမှာ  ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဖောရက်စ်က အသင်းကြီးတွေကို ဒုက္ခပေးတတ်တဲ့အသင်းမျိုးဖြစ်ပေမယ့် စပါးတို့ ပေါက်ကွဲပါလိမ့်မယ်။အိမ်ရှင်စပါးတို့ဘဲ ပြတ်သားတဲ့ အနိုင်ရလဒ်တစ်ခု ဖော်ဆောင်သွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် စပါး ၂ - ၀ နော်တင်ဟမ်ဖောရက်စ်)


ခရစ္စတယ်ပဲလေ့စ် - မန်စီးတီး (ယနေ့ည ၁၂:၀၀)

ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် မန်ချက်စတာစီးတီးတို့ဟာ ပဲလေ့စ်အိမ်ကွင်း ဆယ်လ်ဟတ်ပေါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။မန်စီးတီးအနိုင်ရမယ့် ပွဲမျိုးဖြစ်ပေမယ့် ပဲလေ့စ်ရဲ့ တုံံ့ပြန်အားကို အထင်သေးလို့မရပါဘူး။မန်စီတီးအတွက် လွယ်ကူးတဲ့ အဝေးပွဲစဉ်တစ်ပွဲ မဟုတ်တာကြောင့် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်မည်ဖြစ်ကြောင်း ခန့်မှန်းလိုက်ရပါတယ်။(ခန့်မှန်းရလဒ် ခရစ္စတယ်ပဲလေ့စ် ၁ - ၁ မန်စီးတီး)


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)