လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ကျောက်ဆည်-ငှက္ကတောင်လမ်းမှ ပျက်စီးနေသည့်လမ်းပိုင်းအား ပြန်လည်ပြုပြင်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ကျောက်ဆည်-ငှက္ကတောင်လမ်းမှ ပျက်စီးနေသည့်လမ်းပိုင်းအား ပြန်လည်ပြုပြင်ပေး



MNP ၊ မတ်  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လူမှုဘဝဖွံ့ ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်း၊ တံတားများ တည်ဆောက်ခြင်း/ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ကျောက်ဆည်-ငှက္ကတောင်လမ်းမှ ပျက်စီးနေသည့် လမ်းပိုင်းနေရာများအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါလမ်း ပြန်လည်ပြုပြင်ရာတွင် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေ (၁၈.၀၀)ကျပ် သန်း အကုန်အကျခံကာ (0 km မှ 0.4 km) အတွင်း (800.34 mm) ၏ (30%)အား (50mmx100mm) ကျောက်များ အသုံးပြုပြီး ကတ္တရာလမ်း ပြန်လည်ခင်းပေးခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများ သတ်မှတ်ချိန်၊ သတ်မှတ်ကာလ၊ သတ်မှတ်အရည်အသွေး ပြည့်မီစွာဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ကတ္တရာလမ်းပြန်လည်ပြုပြင်ပေးခြင်းဖြင့်    ငှက္ကတောင်၊ တောင်နံ့သာကျေးရွာမှ အိမ်ခြေ(၃၅၃)အိမ်၊ အိမ်ထောင်စု(၃၅၉)၊ လူဦးရေ(၁၈၆၈)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment