ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အသစ်ပြန်လည် ရွေးခြယ်တင်မြှောက်ထားသော ရပ်ကွက်နှင့်ကျေးရွာ (၁၀) အုပ်စုမှအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အသစ်ပြန်လည် ရွေးခြယ်တင်မြှောက်ထားသော ရပ်ကွက်နှင့်ကျေးရွာ (၁၀) အုပ်စုမှအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ


MNP ၊ မတ်  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အသစ်ပြန်လည် ရွေးခြယ်တင်မြှောက်ထားသော ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၀) အုပ်စုမှ အုပ်ချုပ်ရေးမှူးများ နှင့် တွေ့ဆုံပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂) ဦးသန်းဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ထို့သို့ တွေ့ဆုံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အမှာစကား ပြောကြားရာတွင် အသစ်ပြန်လည် ရွေးခြယ်တင်မြှောက်ထားသော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့၏ ကျေးရွာ၊ ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဆောင်ရွက်နိုင်သူများဖြစ်မည်ဟု ထင်မြင်မိပါကြောင်း၊ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ရေး၊ ရွာရေးတို့အတွက် လိုအပ်လာပါက အချိန်ပြည့် ကူညီဆောင်ရွက်ကြရန်နှင့် ရပ်ကျေးစာရေး​များနှင့် ပေါင်းစပ်ပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု ဖြင့်သန့်ရှင်း သာယာလှပရေးတို့အတွက် ခရိုင်၊မြို့နယ်နှင့်ရပ်ကွက်၊ကျေးရွာများတွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိသည်ကို မိမိတို့ကိုယ်တိုင်တွေ့မြင်နေရပြီဖြစ်၍ မိမိတို့ ကျေးရွာရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် ပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရန် လိုကြောင်း၊ ကျေးရွာ၊ရပ်ကွက်သန့်ရှင်းသာယာ လှပရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဌာနဆိုင်ရာများပြည်သူများနှင့် ပူးပေါင်းပြီး စဉ်ဆက်မပြတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ငပုတောမြို့နယ်သည် အလွန်အေးချမ်းသာယာသော မြို့နယ် တစ်ခုဖြစ်၍ တည်ငြိမ်အေးချမ်းမှုကို မလိုအပ်လားသောသူများ၏ နှောင့်ယှက်၊ ဖျက်ဆီးသော သူများမှ ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ ရပ်ကွက်၊ ကျေးရွာများအတွက် မီးဘေးအန္တရာယ်ကင်းဝေးစေရေး နှင့်မီးလောင်မှူ မဖြစ်ပွားစေ ရေးကို အထူးအလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များ ကဲသို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးတို့အတွက် ကျေးရွာ၊ ရပ်ကွက်များမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့သည်။


ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၂) ဦးသန်းဦးက ကျေးရွာ၊ ရပ်ကွက် သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီးနောက် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြန်လည်တင်ပြလာမှူ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်သူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)