ဖြူးမြို့နယ်သို့ ယာယီပြောင်းရွေ့လာသည့် ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်သို့ ယာယီပြောင်းရွေ့လာသည့် ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့




MNP ၊ မတ်  ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြုးမြို့နယ်သို့ လုံခြုံရေးအခြေအနေကြောင့် ယာယီ ပြောင်းရွေ့လာသည့် ကျောက်ကြီးမြို့နယ်ဒေသများအတွင်းမှ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား လူသားချင်းစာနာမှု အကူအညီပေးသည့်အနေဖြင့် စားသောက်ရေးအဆင်ပြေစေရန် ယမန်နေ့ နံနက်ပိုင်းက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် United Nations World Food Programmee (WFP)မှ စားနပ်ရိက္ခာများ လာရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ လာရောက်ထောက်ပံ့ရာတွင် ဖြူးမြို့နယ်သို့ ယာယီပြောင်းရွေ့လာသည့် ယာယီနေရပ်စွန့်ခွာသူ ပြည်သူများ​ဖြစ်သည့် သိမ်ကုန်းရပ်ကွက်၊ ဓမ္မာရုံရှိ အိမ်ထောင်စု (၁၀၈) စု၊ လူဦးရေ (၂၅၈) ဦး၊ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု (၁၂၀) စု၊ လူဦးရေ (၄၄၄) ဦး၊ ကျော်လှကျေးရွာအုပ်စု၊ ကျော်လှရွာလည်စာသင်ကျောင်းရှိ အိမ်ထောင်စု (၉၉) စု၊ လူဦးရေ (၁၈၉) ဦး၊ ညောင်ပင်သာကျေးရွာအုပ်စု၊ စက်ရုံဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု (၄၃) စု၊ လူဦးရေ (၉၅) ဦး၊ ကညွတ်ကွင်းမြို့၊    အနောက် (၁) ရပ်ကွက် အထက (၂) ကျောင်းရှိ အိမ်ထောင်စု (၈၁) စု၊ လူဦးရေ (၂၀၈) ဦး၊ စုစုပေါင်းအိမ်ထောင်စု (၄၅၁) စု၊ လူဦးရေ (၁၁၉၄) ဦးအား စားနပ်ရိက္ခာအမယ် (၄) မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲများအား United Nations World Food Programmee (WFP) မှ ဒေါ်အယ်လ်ဂျာလွန်နှင့် အဖွဲ့မှ တစ်ဦးစီအတွက် (၂) လစာနှုန်းဖြင့် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။


နေမျိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment