(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်းဘွဲ-ကမ်းနီ (ရွှေဂွန်း) ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်းဘွဲ-ကမ်းနီ (ရွှေဂွန်း) ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP ၊ မတ်  ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း၌  (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံ‌ငွေ (၉၅၇.၆၉၆) ကျပ်သန်းဖြင့် ဆောင်ရွက်သော လှိုင်းဘွဲ-ကမ်းနီ (ရွှေဂွန်း) ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈) နာရီအချိန်က ကွမ်တာကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့သည်။


အဆိုပါ လှိုင်းဘွဲ-ကမ်းနီ (ရွှေဂွန်း) ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့၊ အမှတ် (၂) တပ်နယ်မှူး  ဒုတိယဗိုလ်မှူးကြီး စောကြာအင်းတို့က တက်ရောက်၍  လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် အခမ်းအနား တက်ရောက်လာကြသည့် ကျေးရွာအသီးသီးမှ ကရင်ဒုံးယိမ်းအကအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြ သည်။


လှိုင်းဘွဲ-ကမ်းနီ (ရွှေဂွန်း) လမ်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လှိုင်းဘွဲ- ကမ်းနီ (ရွှေဂွန်း) လမ်းသည် လှိုင်းဘွဲမြို့မှ ရွှေဂွန်းတိုက်နယ်၊  မြိုင်ကြီးငူအထူးဒေသ- မဲသ‌ဝေါနယ်စပ်၊ ဖာပွန်မြို့နယ်နှင့် ကမမောင်မြို့တို့ကို အလွယ်တကူ ချိတ်ဆက်သွားလာသော လမ်းအပိုင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေများဖြင့် ၂၀၂၁-၂၀၂၂ (၆လ) ဘဏ္ဍာနှစ် အတွင်း (၁၈) ပေအကျယ် ကတ္တရာလမ်း (၆.၈) ကီလိုမီတာ၊ (၁၂) ပေအကျယ် ကတ္တရာလမ်း (၁၂.၅) ကီလိုမီတာ ဆောင်ရွက်ထားရှိခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ (၂.၀) ကီလိုမီတာ မှ (၆.၄) ကီလိုမီတာအထိ လမ်းတာဘောင်ချဲ့ခြင်းနှင့် (၆.၄)ကီလိုမီတာမှ (၁၀.၀၉) ကီလိုမီတာအထိ စုစုပေါင်း (၃.၆၉) ကီလိုမီတာအား (၁၈) ပေအကျယ် ကတ္တရာလမ်းတိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း၊ လာမည့် ဘဏ္ဍာနှစ်များတွင်လည်း မိမိတို့ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရေးအတွက်ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။


ထို့နောက် ကရင်ပြည်နယ် လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ညိုက   လမ်းပိုင်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဒေသခံပြည်သူတစ်ဦးက လှိုင်းဘွဲ-ကမ်းနီ (ရွှေဂွန်း) လမ်းအား လမ်းအဆင့်မြင့်တင် ဆောင်ရွက်ပေးသော ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လမ်းဦးစီးဌာနတို့ကို တိုင်းရင်းသားပြည်သူများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ကျေးဇူး တင်စကားပြောကြားခဲ့သည်။


လင်းသန့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment