တပ်မတော်နယ်လှည့် ဆေးကုသရေး ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်)မှဆေးကုရေးအဖွဲ့ မာန်အောင်မြို့နယ်မှပြန်လည်ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်နယ်လှည့် ဆေးကုသရေး ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်)မှဆေးကုရေးအဖွဲ့ မာန်အောင်မြို့နယ်မှပြန်လည်ထွက်ခွာ







MNP ၊ မတ်  ၁၁

  ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရောက်ရှိနေသော တပ်မတော်နယ်လှည့်ဆေးကုသရေး ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်)မှ အထူးကုပါရဂူဆရာဝန်ကြီးများနှင့်အဖွဲ့သည် ယနေ့နံနက်၈နာရီမှ၁၁နာရီအချိန်ထိ မာန်အောင် မြို့နယ်ခန်းမတွင်အခြေပြု၍ ဒေသခံပြည်သူ(၂၁၂ )ဦးအားဆက်လက်ဆေးကုသပေးခဲ့ပြီး မာန်အောင်မြို့နယ်မှ ပြန်လည်ထွက်ခွာသွား ကြောင်းသိရသည်။


  အဆိုပါ အဖွဲ့သည် မာန်အောင်မြို့နယ်တွင် မတ်လ၉ရက်နေ့မှ ယနေ့နံနက်၁၁နာရီထိ ဒေသခံပြည်သူစုစုပေါင်း(၂၇၅၄)ဦးအားဆေးကုသပေးပြီး ယနေ့နံနက်၁၁နာရီခွဲတွင် မာန်အောင် မြို့မဆိပ်ကမ်းမှ  တပ်မတော် ကမ်းထိုးရေယာဥ်ဖြင့်ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်)သို့ ပြန်လည်ထွက်ခွာရာ ဆိပ်ကမ်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊ဒေခံပြည်သူများလိုက်ပါ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။


    မာန်အောင်မြို့နယ်သည်လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသတစ်ခုဖြစ်ပြီး ရေကြောင်းလမ်းတစ်ခုတည်းကိုသာ အားထားရသော မြို့နယ်ဖြစ်သည့် အတွက် ဆေးကုသရန် သွားလာရေး ခက်ခဲမှုရှိရာတပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ကလာရောက်၍ ဆေးကုသပေးမှုကြောင့် ဒေသခံပြည်သူများ ဝမ်းသာလျက်ရှိကြပြီး ဆေးကုသပေးသော တပ်မတော် နယ်လှည့်ဆေးကုသရေး ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်)မှအထူးကုပါရဂူ ဆရာဝန်ကြီးများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ဆေးကုသပေးရန် စီစဥ်ဆောင် ရွက်ပေးသော နိုင်ငံတော်အကြီးအကဲများကိုလည်း အထူးကျေးဇူးတင်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)