မူဆယ်မြို့ရှိ ကျက်သရေဆောင်ညဈေးတန်း ပြန်လည်ဖွင့်လှစ်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့ရှိ ကျက်သရေဆောင်ညဈေးတန်း ပြန်လည်ဖွင့်လှစ်ပြီ


MNP ၊ မတ်  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယခင်နှစ်များက ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုအခြေအနေများကြောင့်နှင့် ဒေသလုံခြုံရေးအခြေအနေများကြောင့် မြို့ကျက်သရေဆောင် ညဈေးကြီးကို ခတ္တမျှသာ ဖွင့်လှစ်ရောင်းချပြီး ယခုနှစ် ၂၀၂၃ ခုနှစ်၊ ပွင့်လင်းရာသီတွင် ညဈေးကြီးကို ညရှည် ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီဖြစ်၍ ဈေးရောင်း၊ဈေးဝယ် အလည်အပတ်ခရီးသွားများဖြင့် ပြန်လည်စည် ကားလျက်ရှိပါသည်။


အဆိုပါညဈေးကြီးတွင် ဒေသထွက်ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ ဒေသထွက်တိုင်းရင်းသား အစားအစာများနှင့်မုန့်မျိုးစုံ၊ လူသုံးကုန်ပစ္စည်များ၊ တိုင်းရင်းသားရိုးရာဝတ်စုံနှင့် ချည်ထည်အဝတ်အစား များကို စုံစုံလင်လင် တစ်နေရာတည်းတွင် စုပေါင်းရောင်းချလျက်ရှိပြီး တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သည့် အလျောက် တရုတ်ထုတ်ကုန်ပစ္စည်းများ၊ တရုတ်နိုင်ငံထုတ်လူသုံးကုန် အသုံးအဆောင်ပစ္စည်းများနှင့် အဝတ်အစားတို့ကို တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။


ထို့အပြင် တရုတ်/မြန်မာငွေ လဲလှယ်ရေးဆိုင်တန်းများ၊ သစ်သီးဝလံဆိုင်များ၊ လူသုံးကုန်ပစ္စည်းနှင့် အဝတ်အစားဆိုင်များ၊ ဒေသထွက်အစားအစာဆိုင်များနှင့် အသင့်စားသုံးနိုင်သောမုန့်မျိုးစုံဆိုင်တန်းများဖြင့် စည်ကားလျက်ရှိပြီး ညဈေးအလည် အပတ်ဒေသခံများ၊ ခရီးသွားဧည့်သည်များ၊ ဈေးရောင်း၊ ဈေးဝယ်များနှင့် လက်လီလက်ကား ရောင်းဝယ်ဖောက်ကားနေသော ကုန်သည်များ၊ စီးပွာရေးလုပ်ငန်းရှင်များနှင့် မူဆယ်မြို့ညရှည်ဈေးကြီး ကြိတ်ကြိတ်တိုး စည်းကားလျက်ရှိသည်။


မူဆယ်မြို့ညဈေးကြီးကို ညရှည်ပြန်လည်ဖွင့်လှစ်ခြင်းဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် နှစ်နိုင်ငံ စီးပွားရေး၊ကူးသန်းရောင်းဝယ်ရေး ပိုမိုခိုင်မာလာမည်ဖြစ်ပြီး မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့်အတွက် မူဆယ်မြို့သည် စိုက်ပျိုးရေးအပြင် ကူးသန်းရောင်းဝယ်ရေးကို အဓိကထားလုပ်ဆောင်သောကြောင့် ညဈေးကြီး ညရှည်ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီဖြစ်၍ ဒေသခံပြည်သူများ စီးပွားရေးအဆင်ပြေစေရေး အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment