စစ်ကိုင်းမြို့တွင် အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်


MNP ၊ မတ်  ၁၁

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီကျောင်းပိတ်ရက်အတွင်း အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်ပွဲကို အဆိုပါရုံးရှိ လူထု အခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက ကျောင်းသား/သူများအား နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်း အတက်ပညာများကို အခြေခံမျစ၍ သိရှိထားပြီး စနစ်တကျ ရေးဆွဲတက်စေရန်၊ ကျောင်းသား/သူအချင်းချင်း စည်းလုံးညီညွတ်မှုရှိကာ ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိလာစေရန်၊ သင်ကြားပြသပေးမည့် အတက်ပညာများကို စိတ်ဝင်စားစွာလေ့လာ သင်ယူသွားကြပြီး နိုင်ငံတော်မှ အားထားရတဲ့ပန်းချီပညာရှင်များ ဖြစ်အောင် ကြိုးစားသွားကြပါလို့ အထူးမှာကြားလိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး ပန်းချီပညာရှင်မှ အခြေခံပန်းချီရေးဆွဲနည်းကို စတင် သင်ကြားပြသပေးခဲ့သည်။


အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို အပတ်စဉ (စနေ၊ တနင်္ဂနွေ) နေ့များတွင် နံနက်(၁၀)နာရီမှ (၁၂) နာရီအထိ သင်ကြားပြသပေးသွားမှာဖြစ်ပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ(၉၅)ဦး တက်ရောက်သင်ကြားခဲ့ကြသည်။


စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူ လူငယ်များ အသိပညာ/အတက်ပညာ ဗဟုသုတများရရှိစေရန် သင်တန်းများဖွင့်လှစ်ပေး ခြင်း၊ စာအုပ်/ စာစောင်များအခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းနှင့် ဌာနဆိုင်ရာများနှင့်ချိတ်ဆက်၍ အသိပညာပေး Talk Show များပြုလုပ်ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဇော်မြင့်နိုင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)