မြိတ်မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်


MNP ၊ မတ်  ၁၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာအစည်းအဝေးခန်းမ တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပြုလုပ်ခဲ့ကြသည်။


(၁၃၈၄) ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြိတ်မြို့၌ ယခင်နှစ်များကထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး သင်္ကြန်ပွဲတော်ကာလအတွင်း ဗဟိုမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များဖြင့် ပြည်သူများ အေးချမ်းပျော်ရွင်စွာ ဆင်နွှဲနိုင်ရေးနှင့်  ယိမ်းအကပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် အစည်းအဝေး ပြုလုပ်ခြင်းဖြစ်ပြီး မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြသည်။


အစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွင်စွာနှင့် စည်ကားသိုက်မြိုက်စွာကျင်းပရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် လုပ်ငန်းဆောင်ချက်များကို ဆွေးနွေးတင်ပြ ခဲ့ကြသည်။ ထိုနောက် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


ခိုင်ထူး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment