တောင်ကုတ်မြို့ ၌ နွေရာသီ ရေပြတ်လပ်မှုမရှိစေရေးအတွက် ရပ်ကွက်များအလိုက်အပိုင်းများခွဲ၍ အလှည့်ကျစနစ်ဖြင့်ဖြန့်ဝေရန်စီစဉ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့ ၌ နွေရာသီ ရေပြတ်လပ်မှုမရှိစေရေးအတွက် ရပ်ကွက်များအလိုက်အပိုင်းများခွဲ၍ အလှည့်ကျစနစ်ဖြင့်ဖြန့်ဝေရန်စီစဉ်လျက်ရှိ




MNP ၊ မတ်  ၁၁

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်နေ ပြည်သူများ နွေရာသီတွင်ရေပြတ်လပ်မှုမရှိစေရေးအတွက် ရပ်ကွက်အလိုက်အပိုင်း(၂)ပိုင်းခွဲ၍ အလှည့်ကျ စမ်းသပ် ဖြန့်ဝေသွားမည်ဖြစ်ကြောင်းသိရသည်။


ထိုသို့အပိုင်း(၂)ပိုင်းခွဲ၍ ရေပေးဝေရန်စီစဉ်လျက်ရှိရာတွင် ကိုင်းရှည်ရပ်ကွက် ၊ သိမ်တောင်ရပ်ကွက် နှင့်မြို့မဈေးကြီး တို့ကို အပိုင်း(၁)အဖြစ်သတ်မှတ်၍ ကံပိုင် ၊ ဂူတာနှင့်ချောင်းကောက်ရပ်ကွက်များကို အပိုင်း (၂)အဖြစ်သတ်မှတ်ကာ နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ အလှည့်ကျစမ်းသပ်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။


တောင်ကုတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့်ဝက်ကျိတ်ဆည်နှင့်ဂရုဏာဆည်များမှရေများကို မြို့ပေါ်ရပ်ကွက်များနှင့်ပတ်ဝန်းကျင်ကျေးရွာရှိပြည်သူများသို့ ဖြန့်ဝေပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်မိုးရာသီ တွင်မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက် ဂရုဏာဆည်တွင် ရေလှောင်နိုင်သည့်ပမာဏ(၃၁)ပေသို့မရောက်ရှိ ဘဲ (၂၅)ပေခန့်သာရောက်ရှိခဲ့သဖြင့်(၆)ပေခန့်လျော့နည်းခဲ့ခြင်းနှင့်ဝက်ကျိတ်ဆည်တွင် ရေသို လှောင်နိုင်မှုပမာဏ (၂၅)ပေရှိသော်လည်း (၁၄)ပေထိသာရရှိခဲ့ပြီး ဆည်အောက်ခြေ ရေစိမ့်မှုကြောင့် ရေများခမ်း ခြောက်ပြီး အသုံးမပြုနိုင်တော့သည့်အတွက် လက်ရှိတွင် ဂရုဏာဆည်မှရေကိုသာ အားထား ဖြန့်ဝေနေရကြောင်း သိရသည်။


လက်ရှိတွင် ဂရုဏာဆည်မှ ရေများကို ဖြန့်ဝေရာတွင် ယခင်က(၆)လက်မပိုက်လိုင်းများဖြင့်ဖြန့်ဝေခဲ့ သော်လည်း ယခုနှစ်နွေရာသီတွင် (၈)လက်မပိုက်လိုင်းဖြင့်အစားထိုးဖြန့်ဝေပေးလျက်ရှိရာ ရေသုံးစွဲသူ ပြည်သူများအနေဖြင့် ရေပြတ်လပ်မှုမရှိစေရေး ၊ ဇွန်လလယ်ထိ အသုံးပြုနိုင်ရေး အတွက် ရေဖြန့်ဝေခြင်းကို အပိုင်း(၂)ပိုင်းခွဲ၍ အချိန်ပိုင်းဖြင့်သာစမ်းသပ်ဖြန့်ဝေပေးတော့မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ အမှုဆောင်အရာရှိ ဦးမောင်စိန် ထံမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)