စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး သာယာဝတီမြို့ရှိ နိုင်ငံ့စီးပွာမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်း/နွေစပါး စိုက်ပျိုးသည့်တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး သာယာဝတီမြို့ရှိ နိုင်ငံ့စီးပွာမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်း/နွေစပါး စိုက်ပျိုးသည့်တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ


MNP ၊ မတ်  ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အဖွဲ့သည် နိုင်ငံ့စီးပွာမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်း/နွေစပါး စိုက်ပျိုးသည့်တောင်သူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ  ဒုတိယဝန်ကြီးက စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများကို နိုင်ငံတော်အနေဖြင့် ကဏ္ဍအလိုက်ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်လာစေရန် နှစ်စဥ်အကောင်အထည်ဖော် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံတောင်သူဦးကြီများနှင့် သွင်းအားစု လုပ်ငန်းရှင်များ ကလည်း သက်ဆိုင်ရာဌာနအသီးသီးနှင့်ချိတ်ဆက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း၊ စိုက်ပျိုးရေးအခြေခံနိုင်ဖြစ်သည်အတွက် စိုက်ပျိုးရေးနှင့် အခြားဆက်စပ် စီးပွားရေးကဏ္ဍများနှင့် စက်မှုစိုက်ပျိုးရေးကို ကူးပြောင်းတိုးတက်လာအောင် အားလုံးဝိုင်းဝန်း ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့​သည်။ 


ထို့နောက် သွင်းအားစုလုပ်ငန်းရှင်များ အစုအဖွဲ့များ ကိုယ်စား ရွှေပြည့်စံကုမ္ပဏီပိုင်ရှင် ဦးပြည့်ဖြိုးနှင့် ဝယ်ယူကြိတ်ခွဲမှုလုပ်ငန်းရှင်များ၊ အစုအဖွဲ့များကိုယ်စား မဏိကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးဇော်လွင်ဦးတို့က ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ကြမှုအခြေအနေနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်မည့်အခြေအနေများအား အသီးသီးဆွေးနွေးပြောကြားခဲ့​ပြီး တောင်သူဦးတင်အေးက တောင်သူများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


တွေ့ဆုံပွဲသို့ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်းအင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။


သန့်ဇော် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)