MNP ၊ မတ် ၁၁
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကတုတ်ရွာမကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၁၆၃.၀၄)သန်းဖြင့် မြေဧရိယာ(၁၂၁.၄၄) ဧကအား စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ ဖော်ထုတ်ပြီးစီးခဲ့သည့်အခြေအနေနှင့် အဆိုပါနေရာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တီထွင်ဆန်းသစ်ထားသော လက်တွန်းထွန်စက်နှင့် တွဲဖက်အသုံးပြုသည့် Roller Type (၆)တန်းသွား မျိုးစေ့ချကိရိယာဖြင့် နွေစပါးစမ်းသပ် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် ရှင်းလင်းဆောင်၌ လာမည့်မိုးရာသီတွင် ဒေသအလိုက် အသုံးပြုနိုင်ရေးနှင့် ကြဲခင်းစနစ်လျှော့ချပြီး အစေ့ချစနစ်များ ပိုမိုကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်စေရေး အသိပညာပေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment