သံဖြူဇရပ်မြို့နယ်၊ သန္တိသုခကျောင်း၌ မဟာသင်္ကြန်အကြို ဆယ်ရက်တရားစခန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ်၊ သန္တိသုခကျောင်း၌ မဟာသင်္ကြန်အကြို ဆယ်ရက်တရားစခန်းဖွင့်လှစ်


MNP ၊  ဧပြီ ၁၂

မြန်မာလူမျိူးတို့၏ နေ့ထူးရက်မြတ်ဖြစ်သော မဟာသင်္ကြန်ရက်အတွင်း အများပြည်သူ အလုပ်ပိတ်ရက်ရက်ရှည်ကာလတွင်တရားစခန်းများ၌ တရားဘာဝနာများ ဝိပသနာတရားများကို အေးချမ်းစွာကုသိုလ်ပြုတရား အားထုတ်လိုသည့် ယောဂီများအတွက် ဆယ်ရက်တရားစခန်း ဖြစ်သည့် မွန်​ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် အောင်ဇေယျရပ်ကွက် သန္တိသုခဘုန်းတော်ကြီးကျောင်းရှိ တရားစခန်းကို ဧပြီ ၈ ရက်နေ့မှစ၍ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။


အဆိုပါဘုန်းတော်ကြီးကျောင်း၌​သင်္ကြန်အတွင်း တရားစခန်းများကို နှစ်စဥ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင် (၄၀)ကြိမ်မြောက် သင်္ကြန်တွင်းဝိပဿနာတရားစခန်းကိုမြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ဆယ်ရက်တရားစခန်းများအဖြစ် တရားအားထုတ်နိုင်ရန် နှစ်စဥ် ဖွင့်လှစ်ပေးလျက်ရှိပြီးယခုနှစ်တွင် တရားစခန်းဝင်သူအမျိုးသား ယောဂီ(၁၆)ဦး အမျိုးသမီးယောဂီ(၈၅)ဦး စုစုပေါင်း(၁၀၁)ဦး   တရားအားထုတ်ရန် ရောက်ရှိနေပြီးဖြစ်ကြောင်း  တရားစခန်းရှိ တာဝန်ရှိသူ ဦးငွေအိမ်ထံမှသိရသည်။


ယခုနှစ်တွင် မြို့နယ်အတွင်း အချို့သောဘုန်းတော်ကြီးကျောင်းများတွင်လည်း တရားစခန်းများ အသီးသီးဖွင့်လှစ်ပြီး တရားဘာဝနာကျင့်ကြံအားထုတ်သူများလည်းရှိ​ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)