ပွင့်ဖြူမြို့‌နယ် ကန်ရွာကျေးရွာတွင် ရာသီမရွေး သောက်သုံးရေဖူလုံစေရန် လေးလက်မစက်ရေတွင်း အောင်မြင်စွာ တူးဖော်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့‌နယ် ကန်ရွာကျေးရွာတွင် ရာသီမရွေး သောက်သုံးရေဖူလုံစေရန် လေးလက်မစက်ရေတွင်း အောင်မြင်စွာ တူးဖော်ပြီးစီး


MNP ၊  ဧပြီ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျွဲတံခါးကျေးရွာအုပ်စု၊ ကန်ရွာကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ နှစ်စဉ်နွေရာသီကာလ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရ၍ ယခုနှစ်တွင် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအဖွဲ့က အလှူရှင်၏ပံ့ပိုးကူညီမှုဖြင့် လေးလက်မစက်ရေတွင်း တူးဖော်လှူဒါန်းပေးလျက်ရှိရာ ဧပြီ ၁၀ ရက်နေ့က အောင်မြင်စွာ တူးဖော်ပြီးစီးခဲ့၍ ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ရရှိပြီဖြစ်ကြောင်း အဆိုပါပရဟိတအဖွဲ့မှ အကျိုးတော်ဆောင်ဦးကျော်ဆန်းထံမှ သိရသည်။


ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး နှစ်စဉ်နွေရာသီကာလများတွင် စက်ရေတွင်းမရှိသည့်အတွက် သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရ၍ ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအဖွဲ့မှ အကျိုးတော်ဆောင် ဦးကျော်ဆန်းက အလှူရှင်၏ ပံ့ပိုးကူညီမှုဖြင့် ငွေကျပ် သိန်း ၇၀ မတည်၍ ကျေးရွာနေပြည်သူများ ရာသီမရွေးသောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် လေးလက်မစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို မတ်လ ၃၀ ရက်နေ့ကစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ  ဧပြီ ၁၀ ရက်နေ့တွင် လေးလက်မစက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းမှာ အောင်မြင်စွာပြီးစီးခဲ့ကြောင်း၊ ကျေးရွာနေပြည်သူများ သောက်သုံးရေ အဆင်ပြေစွာ ခပ်ယူသုံးစွဲနိုင်ရန်အတွက် ဂါလန် ၅၀၀၀ ဆံ့ ရေအုတ်ကန်တည်ဆောက်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာမှာ စက်ရေတွင်းမရှိတဲ့အတွက် ကျေးရွာနေပြည်သူတွေ နွေရာသီရောက်ပြီဆိုရင် သောက်သုံးရေအခက်အခဲ ဖြစ်ရပါတယ်။ ခုတော့ ကျွန်တော်တို့ ကျေးရွာနေပြည်သူတွေ သောက်သုံးရေ ဖူလုံစေရေးအတွက် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာက တစ်ကိုယ်တော်ပရဟိတအဖွဲ့ အကျိုးတော်ဆောင်ဦးကျော်ဆန်းက အလှူရှင်ရဲ့ပံ့ပိုးကူညီမှုနဲ့ လေးလက်မစက်ရေတွင်း လာရောက်တူးဖော်လှူဒါန်းပေးလို့ ခုဆိုရင် စက်ရေတွင်းက မြေအောက်အနက်ပေ ၄၅၀ မှာ ရေချိုရရှိလို့ အောင်မြင်စွာနဲ့ တူးဖော်ပြီးစီးသွားပြီဖြစ်ပါတယ်။ ဆက်လက်ပြီး ဂါလန် ၅၀၀၀ ဆံ့ ရေလှောင်ကန် တည်ဆောက်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပြီး လိုအပ်တဲ့ငွေကိုလဲ ကျေးရွာ‌ပြည်သူလူထုမှ စုပေါင်းထည့်ဝင်သွားမှာ ဖြစ်ပါတယ်။ ယခုလို သောက်သုံးရေ အမှန်တကယ် လိုအပ်တဲ့ကျေးရွာ တွေကို စက်ရေတွင်းတူးဖော်လှူဒါန်းပေးတဲ့ အလှူရှင်များနဲ့ စက်ရေတွင်းရရှိအောင် အကျိုးဆောင်ပေးတဲ့ ညောင်ပင် စောက်ကျေးရွာက တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင် ဦးကျော်ဆန်းကို ကျေးရွာနေပြည်သူများကိုယ်စား ကျေးဇူးတင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။  


ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု ၊ ကန်ရွာကျေးရွာသည် အိမ်ခြေ ၅၉ အိမ် ၊ လူဦးရေ ၃၀၀ ခန့် နေထိုင်လျက်ရှိကြောင်းသိရကာ ယခုနှစ်တွင် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတအဖွဲ့မှ အကျိုးတော်ဆောင် ဦးကျော်ဆန်းက အလှူရှင်၏ ပံ့ပိုးမှုဖြင့် လေးလက်မစက်ရေတွင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေလှောင် အုတ်ရေကန် လာရောက်လှူဒါန်းဆောင်ရွက်ပေးခဲ့သဖြင့် ကျေးရွာနေပြည်သူများ နှစ်စဉ် ကြုံတွေ့နေရသည့် သောက်သုံးရေ ရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာစေမည်ဖြစ်ကြောင်း သိရသည်။   


လှိုင်ဝင်းလေး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)