ကန့်ဘလူမြို့ အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့ အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ မီးလောင်မှုဖြစ်ပွား




MNP ၊  ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ ကျောင်းစောင့်၏နေအိမ်အား ယမန် နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် နှစ်စီး၊ မီးသတ်ရေသယ်ယာဥ် တစ်စီးတို့ဖြင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးမိုးကျော်သူနှင့်မီး သတ်တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သက်အောင်စိုးနှင့်တပ်ဖွဲ့ဝင်များ၊ဒေသခံပြည်သူများ ပူးပေါင်းငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၃ နာရီ မိနစ် ၃၀ ခန့်တွင်မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


မီးလောင်မှုအကြောင်းရင်းမှာ ကျောင်းစောင့်ဖြစ်သူ ဦးညိုဝင်းသည် နေအိမ်ရှိ လျှပ်စစ်ပလပ် ပေါက်မှဒယ်နီအိုးဖြင့် ဟင်းချက်ထားခဲ့ပြီး ကျောင်းအနီးရှိ စျေးသို့စျေးဝယ်ထွက်သွားစဥ် အပူလွန်ကဲပြီးအနီးရှိ စာအုပ်စဥ်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ မီးလောင် မှုကြောင့် ( ၁၈× ၉ ×၁၆)ပေ ပျဥ်ကာ၊ ပျဥ်ခင်း၊သွပ်မိုး တစ်ထပ်နေအိမ် တစ်လုံးဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် လူ၊တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိ မှု/သေဆုံးမှုမရှိကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။


အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ လျှပ်စစ်မီးအား ပေါ့ဆစွာအသုံးပြုသူ ဦးညိုဝင်းအား ကန့်ဘလူမြို့မရဲစခန်းမှ (ပ) ၁၉/၂၀၂၃ ၊ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)