အကြမ်းဖက်အဖွဲ့များအား ပြတ်ပြတ်သားသား ရှင်းလင်းပေးမှုမျိုးကို ဒေသခံပြည်သူများ လိုလားကြောင်း ပြောဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်အဖွဲ့များအား ပြတ်ပြတ်သားသား ရှင်းလင်းပေးမှုမျိုးကို ဒေသခံပြည်သူများ လိုလားကြောင်း ပြောဆို


MNP ၊ ဧပြီ ၁၂

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအနီးတွင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော NUG ရုံးဖွင့်ပွဲ ကျင်းပရာ တပ်မတော်(လေ) က တိုက်ခိုက်ခြေမှုန်း ရှင်းလင်းခဲ့ရသည့်အခြေအမျိုး ယမန်နေ့က ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်ခြေမှုန်းခဲ့သည့် အခြေအနေအပေါ် NUG, PDF, KIA အကြမ်းဖက်အဖွဲ့များ၏ ရက်စက်ယုတ်မာမှုကြောင့် တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများထံ မြန်မာနေရှင်နယ်ပို့စ် က ဆက်သွယ်မေးမြန်းခဲ့သည်။

တန့်ဆည်မြို့နယ်တွင် KIA/PDF အကြမ်းဖက်သမားတို့၏ ရန်ပြုစော်ကားမှုကြောင့် တိမ်းရှောင်နေရသည့် အမျိုးသမီးတစ်ဦးက "ကျွန်မတို့ တောင်းဆိုနေတာ ကြာပါပြီ။ တပ်မတော်အနေနဲ့ KIA/PDF အကြမ်းဖက်အဖွဲ့တွေကို အမြန်ဆုံးရှင်းလင်းပေးမှသာ ကျွန်မတို့ရဲ့ဘဝတွေ လုံခြုံမှုရပါလိမ့်မယ်။ ကျွန်မတို့တွေဆိုရင် မိသားစုလိုက် ဖိနပ်တောင်မပါဘူး။ ရှိသမျှပစ္စည်း KIA/PDF က အိမ်ပါ မီးရှို့ဖျက်ဆီးပစ်လိုက်ကြလို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ကလေးတွေ အသက်ဘေးက လွတ်အောင် ထွက်ပြေးခဲ့ရတာပါ။ ပဇီကြီးရွာမှာ အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းသလိုမျိုးပဲ ကျွန်တော်တို့ တန့်ဆည်ဘက်မှာလည်း နှိမ်နင်းပေးဖို့လိုပါတယ်။ သူတို့ကို သေစေချင်လို့ မဟုတ်ပါဘူး။ သူတို့လို ယုတ်မာရိုင်းစိုင်းတဲ့ စိတ်ဓာတ်မျိုးလည်း ကျွန်မတို့မှာ မရှိပါဘူး။ သူတို့ ယုံကြည်ရာကို သူတို့လုပ်။ ကျွန်မတို့ မယုံကြည်လို့ လိုက်မလုပ်တာကို သူတို့က ရန်ရှာတယ်။ အသက်အန္တရာယ် ခြိမ်းခြောက်တယ်။ ကျွန်မတို့ ပြေးနိုင်လို့ လွတ်ခဲ့တာ။ အကြမ်းဖက်အဖွဲ့တွေကို အမြန်ဆုံး ဖယ်ရှားမှသာ ကျွန်မတို့တွေရဲ့ ဘဝတွေ ဆက်လက်ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ မရှင်းဘဲ ထားလို့ကတော့ ဘယ်နေ့ လာသတ်မလဲ ဆိုတာပဲ တွေးပြီး ကြောက်နေကြရတာပါ။" ဟု ပြောဆိုသည်။

အလားတူ ခင်ပွန်းဖြစ်သူကို PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းကြောင့် ကလေးငယ်များနှင့် မုဆိုးမဖြစ်ခဲ့ရသည့် အမျိုးသမီးတစ်ဦးက "သူတို့ရဲ့ ရက်စက်ယုတ်မာမှုတွေကို ပြန်တွေးမိတိုင်း ဒေါသဖြစ်ရပါတယ်။ ကျွန်မ ယောက်ျားဆိုရင် သူတို့က ပြန်ခေါ်လို့ သွားပြီးဆွေးနွေးတာ။ တစ်ခါတည်း သတ်ပစ်လိုက်ကြတယ်။ ကျွန်မမှာ လူမမယ် ကလေးတွေနဲ့ ထွက်ပြေးလာခဲ့ရတယ်။ ဆရာတော် ကယ်တင်ထားလို့သာ အသက်ရှည်နေတာပဲ။ မဟုတ်လို့ကတော့ ကျွန်မတို့ဘဝတွေကို ဘယ်သူမှ ကယ်တင်ပေးမယ့်သူ မရှိဘူး။ အဓိကအားဖြင့်တော့ အကြမ်းဖက်သမားတွေကို မနှိမ်နင်းခြင်းကြောင့် သူတို့က လက်နက်ကိုင်ပြီး အနိုင်ကျင့် လူပါးဝတာကို ခံနေကြရတာပါ။ ကျွန်မတို့လို အဖြစ်ဆိုးမျိုး ဘယ်သူမှ မကြုံတွေ့စေချင်ပါဘူး။ အကြမ်းဖက်အဖွဲ့တွေ ရှိနေသေးမယ်ဆိုရင်တော့ ရွာသူရွာသားတွေမှာ လုံခြုံမှုမရှိပါဘူး။ တစ်နေ့မဟုတ် တစ်နေ့ အသတ်ခံရမှာပါပဲ။ သူတို့လာတောင်းရင် ပေးရတယ်။ မပေးရင် လူကို ရန်ရှာတယ်။ အိမ်ကနေ ဖမ်းခေါ်သွားတယ်။ လမ်းမှာ သတ်ပြစ်လိုက်ရတယ်။ လူစိတ်မရှိတော့တဲ့ အကြမ်းဖက်သမားတွေကို ငဲ့ညှာနေလို့ ဘာမှ ကောင်းလာစရာ မရှိဘူး။ ဒေသခံ ပြည်သူတွေ ဒုက္ခရောက်တာပဲ ရှိပါတယ်။" ဟု ပြောဆိုသည်။

ယမန်နေ့က ဖြစ်ပေါ်ခဲ့သည့် NUG ရုံးဖွင့်ပွဲအား တပ်မတော်က တိုက်ခိုက်ခြေမှုန်းခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာတော်ဦးဝါသဝ အား ဆက်သွယ်မေးမြန်းရာ "တပ်မတော်က အပြစ်မဲ့ ပြည်သူတွေကို တိုက်ခိုက်တာမဟုတ်ပါဘူး ဒကာကြီး။ အကြမ်းဖက်အဖွဲ့တွေကို ရှင်းလင်းတာပဲ ဖြစ်ပါတယ်။ ဒါမျိုးကို ဒေသခံပြည်သူတွေက လိုလားပါတယ်။ PDF တွေကို ဦးဇင်းအမြဲပြောပါတယ်။ CRPH, NUG တို့ BBCတို့ VOA၊ RFA၊ DVB၊ Mizzima၊ ဧရာဝတီ၊ Khit Thit၊ Myanmar Now တို့ နားထဲကို အဆိပ်ထည့်နေတယ်။ မယုံကြည်ကြပါနဲ့။ ကိုယ့်ရွာသားအချင်းချင်း ဒုက္ခမပေးကြပါနဲ့။ ကိုယ့်ရွာကိုယ် မဖျက်ဆီးကြပါနဲ့။ လက်မခံဘူး။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပေါ်ခဲ့သမျှ အကြမ်းဖက်မှုတွေမှာ အဓိက တရားခံက KIA ပဲ။ ကိုင်းဖျား ကိုင်းနားတွေကို လိုက်မချိုင်နဲ့။ KIA က စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ စစ်မီးတောက်အောင် လုပ်နေတာပါ။" ဟု မြန်မာနေရှင်နယ်ပို့စ်သို့ မိန့်ကြားခဲ့သည်။

ကန့်ဘလူမြို့နယ်အတွင်း ဆရာတော်ဦးဝါသဝ ဦးဆောင်၍ ပြည်သူ့စစ်ဖွဲ့စည်းထားနိုင်သော ကျေးရွာများတွင် KIA/PDF တို့၏ အကြမ်းဖက်ဘေးအန္တရာယ်ကို ကာကွယ်တားဆီးနိုင်သော်လည်း ပြည်သူ့စစ်ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်း မရှိသော ကျေးရွာများတွင် KIA/PDF တို့၏ အနိုင်ကျင့် စော်ကား၊ ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုများကို ရင်ဆိုင်နေကြရသည်။

 NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF  အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီး နေရာအနှံ့ရှိ အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့နှိပ်စက်သတ်ဖြတ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများအား နှိပ်စက်သတ်ဖြတ်ခြင်း၊ ဆေးရုံ၊ ဆေးခန်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများအား Drop Bomb ချခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ ဘုန်းကြီး ကျောင်းများအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ ၎င်းတို့အားမထောက်ခံသည့် သာသနာ့နွယ်ဝင် ရဟန်းသံဃာများ၊ သီလရှင်များအား ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများနှင့် KIA ပူးပေါင်း၍ အပြစ်မဲ့ပြည်သူ ၁၅၉၃ ဦး၊ အုပ်ချုပ်ရေးမှူး ၉၂ ဦး၊ ကျောင်းဆရာ/ဆရာမ ၂၆ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၉၈ ဦး၊ ကျန်းမာရေး ဝန်ထမ်း ၇ ဦးနှင့် အခြားဝန်ထမ်း ၅၄ ဦး၊ ရဟန်းသံဃာ ၂၈ ပါး တို့ကို သတ်ဖြတ်ခဲ့ကြသည်။ ထို့ပြင် စာသင်ကျောင်း ၁၂၄ ကျောင်း၊ ဆေးရုံ ၅ ရုံ၊ ရုံးဌာန အဆောက်အဦ ၁၉၀ ခု၊ ဘုန်းကြီးကျောင်း ၂၀ ကျောင်းနှင့် လူနေအဆောက်အဦ ၂၆၄ လုံးတို့ မိုင်းခွဲ၊ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)