မိုင်းယောင်းမြို့နယ် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့နယ် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်



MNP ၊  ဧပြီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားအတွက် အစမ်းလေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အဆိုပါမဏ္ဍပ်၌ ကျင်းပသည်။


ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားအစီအစဉ်တွင် ပါဝင်သူများက သတ်မှတ်နေရာ အသီးသီးတွင် နေရာယူကြပြီး ဖွင့်ပွဲအစီအစဉ်တွင် ပါဝင်သည့် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း စသည်တို့ကို လေ့ကျင့်ဆောင်ရွက်ကြသည်။


ထို့အပြင် ခစဖ/မစဖယိမ်းအဖွဲ့များ၊ ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ ပညာရေးယိမ်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာယိမ်းအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့ယိမ်းအဖွဲ့များတို့က ဖွင့်ပွဲသီချင်းဖြစ်သည့် “သင်္ကြန်မိုး”သီချင်းဖြင့် သံပြိုင်တီးမှုတ် ကပြဖျော်ဖြေခြင်းများကို အစမ်းလေ့ကျင့်ဆောင်ရွက်ကြကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)