MNP ၊ မေ ၂၇
ရခိုင်ပြည်နယ် ၊ သံတွဲမြို့နှင့် ငပလီမြို့တို့၌ အပတ်စဉ်စနေနေ့တိုင်းစုပေါင်းသန့်ရှင်ရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက သံတွဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခြံဝန်းနှင့် အထက (ငပလီ)ကျောင်းခြံဝန်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ သန့်ရှင်းသာယာလှပစွာ ပညာသင်ကြားနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့နှင့်နယ်မြေခံတပ်မတော်သားများက ကျောင်းခြံဝန်းအတွင်းရှိ ခြုံနွယ်သစ်ပင်များ၊ မြက်များအားခုတ်ထွင်ရှင်းလင်းနှင့်ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများရှင်းလင်းခြင်း ၊ ရေမြောင်အတွင်းရှိ အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျောင်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment