MNP ၊ မေ ၂၇
ငါးသယံဇာတများရေရှည်တည်တံ့ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရေလုပ်သား များနှင့်ပြည်သူများအနေဖြင့် ဒီရေတောများ၏ အရေးပါပုံများကိုသိရှိနားလည်လာစေရန်နှင့်ဒီရေတောအား ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ချက်များဖြင့်တောင်ကုတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေလုပ်ငန်းရှင် များ ပူးပေါင်း ၍ ဒီရေတောစိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်ကုတ်မြို့နယ် ၊ ခရိုင်ကျေးရွာအုပ်စု ၊ ခရိုင်မြစ်ကမ်းတွင်ကျင်းပခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ တောင်ကုတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဦးဇော်မင်းနိုင် က ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်ထံသို့ ဗျူးခြေထောက်ပျိုးပင်များပေးအပ်ပြီးနောက် ဒီရေတောစိုက်ပျိုးပွဲအခမ်း အနားကိုကျင်းပရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ ဒေသခံရေလုပ်သားများနှင့်ကျောင်းသား၊ကျောင်းသူ များက ဗျူး ခြေထောက် အပင်(၇၀၀၀) အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment