ပဲခူးတိုင်းဒေသကြီး ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ






MNP ၊ မေ  ၂၇

ပဲခူးတိုင်းဒေသကြီး ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပဲခူးမြို့ အ.ထ.က(၁) သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် အ.ထ.က(၂) မှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ကို အဓိက ဆောက်တည်ရခြင်းဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အသိပညာ၊ အတတ်ပညာ ပြည်စုံသည့် ပညာတတ်များပေါ်ထွက်လာစေရန်  အလေးထား ဆောင်ရွက်နေသကဲ့သို့   ကျောင်းနေရွယ် ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းသား/ သူများအားလုံး အနည်းဆုံး အလယ်တန်းအဆင့်  (KG+9)   ပြီးမြောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရင်သွေးငယ်များ အနာဂတ်ပညာရေး    တိုးတက်လာ၍ အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်အောင် ကျောင်း သား မိဘတိုင်းက ကျောင်းအမြန်အပ်နှံကြဖို့ တိုက်တွန်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ယင်းနောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးစိုးလွင်က ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် အ.ထ.က(၂) မှ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး သီဆို ဖျော်ဖြေပေးသော ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက အခြေခံပညာ ကျောင်း များတွင် လာရောက်ကျောင်းအပ်နှံနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


သက်ဖြိုးကြိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)