ပညာရေးဌာနမှဒုတိယဝန်ကြီး‌ ဒေါက်တာမိုးဇော်ထွန်းနှင့်တာဝန်ရှိသူများ ရသေ့တောင်မြို့အတွင်းရှိပျက်စီးသွားသောကျောင်းအဆောက်အအုံများအမြန်ဆုံးပြန်လည်‌ဆောက်လုပ်နိုင်‌ရေးအတွက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးဌာနမှဒုတိယဝန်ကြီး‌ ဒေါက်တာမိုးဇော်ထွန်းနှင့်တာဝန်ရှိသူများ ရသေ့တောင်မြို့အတွင်းရှိပျက်စီးသွားသောကျောင်းအဆောက်အအုံများအမြန်ဆုံးပြန်လည်‌ဆောက်လုပ်နိုင်‌ရေးအတွက်ကြည့်ရှုစစ်ဆေး





MNP ၊ မေ  ၂၇

      ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့၌မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သောအလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် လူနေအိမ်များ၊ကျောင်းများ၊အဆောက်အဦများ ထိခိုက်ပျက်စီးမှုများရှိခဲ့ရာပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းဖွင့်ရက်မတိုင်မီ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကို မြို့နယ်သဘာဝအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုမဖွဲ့ဝင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိသည်။


ထိုသို့ဆောင်ရွက်နေမှုများကို ယနေ့ နံနက်ပိုင်းက ပညာရေးဌာနမှဒုတိယဝန်ကြီး‌ ဒေါက်တာမိုးဇော်ထွန်းနှင့်တာဝန်ရှိသူများသည်ရသေ့တောင်မြို့အတွင်းရှိပျက်စီးသွားသောကျောင်းအဆောက်အအုံများအမြန်ဆုံးပြန်လည်ဆောက်

လုပ်နိုင်ရေးအတွက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။ 


 ရသေ့တောင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၇၄ )ကျောင်းရှိရာမုန်တိုင်းကြောင့်( ၁၃၂ )ကျောင်းပျက်စီးခဲ့ကြောင်းနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများ၏စာရင်းကောက်ယူမှုများအရသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)