ရသေ့တောင် မြို့တွင်ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသောပဲခူးတိုင်းဒေသကြီးသန္ဓေမီးသတ်တပ်မှဖွဲ့ဝင်များအား မြိုနယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များမှ ဂုဏ်ပြုလက်ဆောင်များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့တွင်ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသောပဲခူးတိုင်းဒေသကြီးသန္ဓေမီးသတ်တပ်မှဖွဲ့ဝင်များအား မြိုနယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များမှ ဂုဏ်ပြုလက်ဆောင်များပေးအပ်




MNP ၊ မေ  ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာအားအလွန်ပြင်းသဖြင့်ထိခိုက်ပျက်စီးမှုများခဲ့သောကြောင့် ပဲခူးတိုင်းဒေသကြီးသန္ဓေမီးသတ်တပ်ဖွဲ့ရှာဖွယ်ကယ်ဆယ်ရေးလက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်မင်းဇော်ဦးဆောင်သော( ၁၁၆)ဦးပါဝင်သောအဖွဲ့နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းသောအဖွဲ့များသည်အဖွဲ့များခွဲ၍ ရသေ့တောင်မြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို၁၈.၅.၂၃ ရက်နေ့မှ၂၆.၅.၂၃ရက်နေ့ထိကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။


သို့ဖြစ်ပါ၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်မင်းဇော်ဦးဆောင်သောပဲခူးတိုင်းဒေသကြီးသန္ဓေမီးသတ်တပ်ဖွဲ့ရှာဖွယ်ကယ်ဆယ်ရေး( ၁၁၆)ဦးပါဝင်သောအဖွဲ့အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက်က ကျေးဇူးတင်စကားပြောကြားပြီးအဖွဲ့ဝင်များမှ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်းကိုယနေ့နံနက်ပိုင်းကမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ရှိ Command post ခန်းမတွင်ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)