သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်အရာရှိကြီးများကို (အထူးတာဝန်)ဖြင့် စေလွှတ် သွားမည်ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်အရာရှိကြီးများကို (အထူးတာဝန်)ဖြင့် စေလွှတ် သွားမည်ဟုဆို



MNP ၊ ဧပြီ ၁၈

၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း (Mocha) ဝင်ရောက်မှု ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် ရခိုင်ပြည်နယ်တို့အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်တို့ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် ကြေညာခဲ့ပြီးဖြစ်သည်။


သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများ၌ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍  ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ ပိုမို ထိရောက် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထက်ပါ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအနက်မှ အဓိကလိုအပ်လျက်ရှိသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်တို့သို့ တပ်မတော်အရာရှိကြီးတစ်ဦးစီကို စေလွှတ်ပေးသွားမည်ဖြစ်သည်။


အဆိုပါ အရာရှိကြီးများကို သက်ဆိုင်ရာမြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် အခြားဌာနဆိုင်ရာများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အထူးတာဝန်တစ်ရပ်အဖြစ် ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)