ဒေါင်းချောင်းတံတား အရေးပေါ်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါင်းချောင်းတံတား အရေးပေါ်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး






MNP ၊ မေ  ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ရန်ကုန်-ငါးသိုင်းချောင်း-ဂွ ကားလမ်းပေါ်ရှိ ဒေါင်းချောင်းတံတား အရေးပေါ်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းအား ယနေ့ နေ့လယ်ပိုင်းက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။


 အဆိုပါ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဝင်များကရန်ကုန်-ငါးသိုင်းချောင်း-ဂွ ကားလမ်းပေါ်ရှိ ဒေါင်းချောင်းတံတား အရှည်၁၅၀ပေ၊ အကျယ်၁၅ပေရှိ ကန့်လန့်ထည့်ထားသည့် ဒေါင်းချောင်းပူးပေါင်း စစ်ဆေးရေးဂိတ် ဘက်ခြမ်းမှ (၆)ခုမြောက် သံယက်မတစ်ချောင်းမှာ ကျိုးနေသဖြင့် လမ်းအထူးအဖွဲ့(၁၆)မှ ယာဥ်သွားလာမှု မပြတ်တောက်စေရန် အရေးပေါ်  ပြန်လည်ပြုပြင်လျက်ရှိသည်ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းနှင့် တံတားအား ယနေ့ ညနေ၆ နာရီအထိ ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာခွင့် မပြုဘဲ ခေတ္တယာယီပိတ်ထားမည်ဖြစ် ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)