MNP ၊ မေ ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များကို မေလ(၁၈)ညနေ(၃)နာရီတွင် အဆိုပါဌာန၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်အရင်းအနှီးရရှိစေရန် ရာသီအလိုက်စိုက်ပျိုးစရိတ်ချေးငွေများ နှစ်စဉ်ထုတ်ပေးလျှက်ရှိရာ သီးနှံပေါ်ချိန်၌ ချေးငွေများအချိန်မီပြန်လည်ပေးဆပ်ပြီး ယခင်နှစ်ကြွေးကျန်ကင်းရှင်းသော တောင်သူများချေးငွေအသစ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများနှင့်အတူ အိုးတန်းရပ်ကွက်နှင့် သူဌေးကုန်းကျေးရွာအုပ်စုမှ တောင်သူ(၇၉)ဦး၏ စပါးစိုက်ဧက(၄၉၈)ဧကအတွက် တစ်နှစ်အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၇၄၇)သိန်း ထုတ်ချေးပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment