လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်





MNP ၊ မေ  ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် များနှင့်ပူးပေါင်း၍ စာရေးဆရာ မောင်မိုးယံရေးသားသည့် “လူငယ်နှင့်အနာဂတ်မြှင့်တင်ရေးဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်/သံ-၃ ဉီးစောဝေါ်ကွောထူးက စာပေဖတ်ရှုခြင်းဖြင့် အမှား၊အမှန်ကို ဝေဖန်သုံးသပ်နိုင်မှာဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီးနောက် (Book Club) အဖွဲ့ဝင် နှင်းနွေလှိုင်က “လူငယ်နှင့်ပရဟိတစိတ်” ခေါင်းစဉ်မှ “ပရဟိတ စိတ်ဓာတ်သည် မိသားစုတစ်စုချင်းယဉ်ကျေးမှုမှ ရပ်ကွက်ယဉ်ကျေးမှု၊ မြို့ရွာယဉ်ကျေးမှုအထိ အပြန်အလှန် စောင့်ရှောက်ရမည့် လူမှုရေးတာဝန်ဝတ္တရားဖြစ်ကြောင်း၊ ပရဟိတဆိုသော အများအကျိုး ဆောင်ရွက်ခြင်းအလုပ်သည် လူတိုင်းတွင်ရှိသင့်သော လူမှုရေးအကျိုးကို ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


စာရေးဆရာ မောင်မိုးယံ၏ “လူငယ်နှင့်အနာဂတ်မြှင့်တင်ရေးဆောင်းပါးများ”  စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကြောင့် လူငယ်မောင်မယ်များ  အတုယူသင့်သည်ကို အတုယူ၊ ပြုပြင်သင့်သည်ကို ပြုပြင်၍ တန်ဖိုးထားသင့်သည်များကို တန်ဖိုးထားကာ လူငယ်အားလုံး လူတော်များဖြစ်ပြီး လူကောင်းများဖြစ်ရန် လေ့ကျင့်နေထိုင်ခြင်းဖြင့် ကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်ကြမည်ဖြစ်ကြောင်း သိရသည်။


ခင်လေးနွယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment