လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် (Book Club)စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းစာဖတ်ဝိုင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် (Book Club)စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းစာဖတ်ဝိုင်းဆောင်ရွက်


MNP ၊ မေ  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ချစ်ခိုင်စံ ရေးသားထားသည့် “လူငယ်တွေ တကယ်ညံ့နေသလား”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းသီတာမိုးက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက် ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရေးရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက် ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။


စာဖတ်ဝိုင်းတွင် စာရေးဆရာ “ချစ်ခိုင်စံ”ရေးသားထားသော “လူငယ်တွေ တကယ်ညံ့နေသလား” စာအုပ်ပါ အသိပညာပေးဆောင်းပါးများကို (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း အဖွဲ့ဝင်‌ ဦးရဲအောင်က “လူငယ်တွေမှာ စွမ်းရှိတယ်” ဆိုတဲ့ခေါင်းစဉ်ကို ဆွေးနွေးခဲ့ရာ “လူငယ်များသည် အရာရာတွင် ဖျတ်လတ်တတ်ကြွနိုးကြား၍ အရာရာကို စူးစမ်းလေ့လာ လိုသော စိတ်ဓာတ်ရှိကြသည်။ မိမိတွင်ရှိသောစွမ်းအားများဖြင့် မိမိဘဝကို အကောင်းဆုံး တည်ဆောက်သင့်သေးပေသည် ယခုတော့လူငယ်တစ်ချို့သည် ဆိုရှယ်မီဒီယာအား ဘဝကြီး တစ်ခုကဲ့သို့ နေ့နေ့ညည ဖက်တွယ်ထားသည်မှာ လမ်းမှားနေပေပြီ လူငယ်များ၏ စွမ်းအားများ အမြင့်မားဆုံး ပေါ်ထွက်လာစေရန် အခွင့်အလမ်းများ ဖန်တီးပေးသင့်ပါတယ်” စသည့်အချက်များ၊ “လူငယ်ဟူသည်နိုင်ငံ၏ အသက်ရှည်ဆေးသာဖြစ်သည် နိုင်ငံတစ်ခုသည် သမိုင်းတွင် သက်တမ်း ရှည်ရှည်နေရဖို့ရန် လူငယ်အဆက်ဆက်ဖြင့် လက်ဆင့်ကမ်းခဲ့ရသည် မဟုတ်ပါလား မိမိတို့တွင် အဖိုးတန်စွမ်းရည်များ ရှိကြပါတယ်။ ထို့နောက်မိမိဘဝကို မိမိတို့စွမ်းအားဖြင့် အလှပဆုံး ဖူးပွင့်နိုင်အောင်ကြိုးစားကြမည်” စသည့်အချက်များကို ဆွေးနွေးပြီး စာ‌ပေဝါသနာရှင်များက စာအုပ်ပါအသိပညာပေးဆောင်းပါး အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကိုအသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


ဝင်းသီတာမိုး

 https://t.me/MyanmarNationalPost





No comments:

Post a Comment