ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၂၁ ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၂၁ ဦး သေဆုံး





MNP ၊ မေ ၁၆

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) မေလ ၁၄ ရက်တွင်  တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှု စာရင်းများအား အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိပါသည်။


ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသေးစိတ်ထပ်မံစီစစ်ခဲ့ရာ မေလ ၁၅ ရက်နေ့ ညပိုင်းထိရရှိသော စာရင်းများအရ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄၄ ရွာမှ လူနေအိမ် ၁၂ လုံး၊ သာသနိကအဆောက်အဦ ၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ လေဆိပ်အဆောက်အဦ ၁ ခု၊ ဓာတ်မီးတိုင် ၈ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၁ လုံး၊ အုတ်နံရံ ၁ ခု၊ ချင်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၄ ရွာမှ လူနေအိမ် ၁၂၉ လုံး၊ သာသနိက အဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂ ခု၊ ဓာတ်မီးတိုင် ၄ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၀ ခု၊ ဘောလုံးကွင်း ၁ ကွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၃ ရွာ၊ လူနေအိမ် ၃ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၆ တိုင်၊ ဓာတ်မီးတိုင် ၂ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ အုတ်တံတိုင်း/နံရံ ၂၆ ခု၊ တံတား ၃ စင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၇၂ ရွာမှ လူနေအိမ် ၁၁၃ လုံး၊ ဆက်သွယ်ရေး တာဝါတိုင် ၂ တိုင်၊ ဓာတ်မီးတိုင် ၁ တိုင်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ၃၄ ရွာမှ လူနေအိမ် ၄ လုံး၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ အုတ်တံတိုင်း/နံရံ ၆၇ ခု၊ ရာသီသီးနှံစိုက်ခင်း ၁၅၆ ခင်း၊ တံတား ၁ စင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁ ရွာမှ သာသနိကအဆောက် အဦ ၄ ခု၊ မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄ ရွာမှ လူနေအိမ် ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ ရခိုင်ပြည်နယ်အတွင်း ရှိ ရပ်ကွက်/ကျေးရွာ ၃၈၇ ရွာမှ လူနေအိမ် ၁၁၁၀၆ လုံး၊ သာသနိက အဆောက်အဦ ၆၃ ခု၊ ဘုန်းတော်ကြီးကျောင်း ၃၆ ကျောင်း၊ စာသင်ကျောင်း ၁၁၈ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၂ ခု၊ ဈေး ၁ ခု၊ လေဆိပ်အဆောက်အဦ ၁ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁ ခု၊ ဓာတ်မီးတိုင် ၇ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၇၂ လုံး၊ အခြားပျက်စီးမှု ၃၉၂ ခု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၆၅ ရွာမှ လူနေအိမ် ၃၁ လုံး၊ သာသနိကအဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၇ ကျောင်း၊ ဆက်သွယ်ရေးတာဝါတိုင် ၂ တိုင်၊ ဓာတ်မီးတိုင် ၆၀ တိုင်၊ ထရန်စဖော်မာ ၂ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၆ လုံး၊ ဘောလုံးကွင်း ၂ ကွင်း၊ အုတ်တံတိုင်း/နံရံ ၃၄ ခု၊ ရှမ်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁ ရွာမှ လူနေအိမ် ၂ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၁၄ ရွာမှ လူနေအိမ် ၁၃၁ လုံး၊ သာသနိကအဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၅ ခု၊ ဓာတ်မီးတိုင် ၉ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃ လုံး၊ အခြား ပျက်စီးမှု ၄ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် သေဆုံးသူ ၂၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း သေဆုံးသူ ၁ ဦးရှိကြောင်း သိရှိရသည်။


သို့ဖြစ်၍ မေလ ၁၅ ရက်နေ့ ညပိုင်းအထိ ရရှိသောစာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခု တို့တွင် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ ရပ်ကွက်/ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီး တိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊  ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံး ပျက်စီးခဲ့ကြောင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင် စုဖွဲ့ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)