ရွှေတောင်မြို့နယ် တွင်အီလက်ထရောနစ် စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက်များ ( Biometric Data) ကောက်ယူရေးလုပ်ငန်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် တွင်အီလက်ထရောနစ် စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက်များ ( Biometric Data) ကောက်ယူရေးလုပ်ငန်းအစည်းအဝေးကျင်းပ





MNP ၊    ဇွန်   ၂၀

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက အီလက်ထရောနစ် စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက်များ ( Biometric Data) ကောက်ယူရေးလုပ်ငန်း Smart Card ပြုလုပ်ပေးနိုင်​ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်က Smart Card ပြုလုပ်ပေးနိုင်လုပ်ငန်းဆောင်ရွက်နိုင်ရေးအဖွင့်အမှာစကားပြောကြားပြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးသန်းထူးက e-ID စနစ်၏ အဓိက ရည်ရွယ်ချက် ဖြစ်သော ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊  မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်နှင့်ဥပဒေနှင့်အညီနိုင်ငံသားဖြစ်ခွင့်ရှိသူ အသက် ( ၁၀) နှစ်နှင့်အထက်များအားSmart Card ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းအဆင့်(၅)ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။


          ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက သိရှိလိုသည်များကိုပြန်လည်မေးမြန်းကြရာ သက်ဆိုင်ရာ ဌာနမှဆွေးနွေးဖြေကြားပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)