MNP ၊ ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ သာယာလှပရေးအတွက် အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြို့အင်္ဂါရပ်နှင့်ညီညွတ်မှုမရှိပဲ ကြိုးများစနစ်တကျ တပ်ဆင်သွယ်တန်းထားခြင်းမရှိသည့် ဝိုင်ဖိုင်ကြိုးများကို စနစ်တကျရှိစေရေးစိစစ်၍ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့တွင်း အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအနေဖြင့် စုပေါင်း၍ အင်တာနက် ကြိုးသွယ်တန်းထားမှုများကို စနစ်တကျရှိစေရေး ညှိနှိုင်းကာ ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အင်တာနက်ကြိုးတပ်ဆင်ထားမှု ၊သွယ်တန်းထားမှုတွေ စနစ်တကျရှိစေရေးအတွက် အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေစုပေါင်းပြီး မနက်ဖြန် အစည်းအဝေးထိုင်မှာပါ။ ဘယ်အပိုင်းကနေစပြီး လုပ်ကိုင်ကြမလဲဆိုတာ ညှိနှိုင်းတိုင်ပင်ကြမှာပါ။ အစည်းအဝေးထိုင်ပြီး ဒီတစ်ရက်နှစ်ရက်အတွင်း မြေပြင်မှာ ကွင်းဆင်းလုပ်ကြတော့မှာပါ။ မြို့အင်္ဂါရပ်နဲ့ညီအောင် သန့်ရှင်းသပ်ရပ်အောင်ကြိုးတွေ စနစ်တကျ သွယ်တန်းသွားကြမှာပါ။” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အင်တာနက်ကြိုးသွယ်တန်းထားရှိမှုတွင် ကြိုးများစနစ်တကျရှိစေရေးဆောင်ရွက်မည့် အစီအစဉ်ကို လားရှိုးမြို့တွင်းရှိ ပြည်ထောင်စုလမ်းမကြီးနှင့် ဘူတာလမ်းမကြီးတစ်လျှောက် စတင်ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment