MNP ၊ ဇွန် ၂၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊တောင်ပြိုလက်ဝဲမြို့အတွင်းရှိ ပြန်လည်လက်ခံရေးစခန်း ၊ တိုက်နယ်ဆေးရုံ နှင့် အခြေခံပညာအထက်တန်းကျောင်းတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေဦး နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် ပိုင်းက မြေပြင်ကွင်းဆင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးသည် ခရိုင်အဆင့် ဌာနဆိုင်ရာများ လိုက်ပါ၍ ခရိုင်တည်ကော်အဖွဲ့နှင့် အတူ မောင်တောခရိုင် ၊ တောင်ပြိုလက်ဝဲမြို့ရှိ ပြန်လည်လက်ခံရေးစခန်းအတွင်းရှိ၀န်ထမ်းအိပ်ဆောင်တွင် အမိုးလန် ပျက်စီးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက်တိုက်နယ် ဆေးရုံအတွင်း အဆောင်များ ယိုယွင်းပျက်စီးမှုရှိမရှိ လှည့်ပတ်ကြည့်ရှုစစ်ဆေးပြီး တိုက်နယ်ဆေးရုံအတွင်း တာဝန် ထမ်း ဆောင်နေကြသော ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဆေးကုသမှုခံယူလျက်ရှိသော လူနာ နှင့် ဝန်ထမ်းများ အား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် တာဝန်ရှိသူများသည် တောင်ပြို လက်ဝဲမြို့ အခြေခံပညာ အထက်တန်းကျောင်းအတွင်း စာသင်ဆောင် နှင့် စာသင်ခန်းများအား လှည့်ပတ်ကြည့်ရှုစစ် ဆေး ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost




No comments:
Post a Comment