MNP ၊ ဇွန် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွှဲ(၂)နာရီ အချိန်က မြို့မ(၁)ရပ်ကွက်၊ အမက(၁)၌ကျင်းပပြု လုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇေယျာဝင်း ကကျန်းမာရေးနှင့်အားကစား ခေါင်းစဉ်ဖြင့်ဆွေးနွေး ပြောကြားခဲ့ပြီး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းထိန်က အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများ၊ အားကစားတွင် ထူးချွန်ရုံသာမက ပညာရေးတွင်လည်းထူးချွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ် မောင်မယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဟောပြောပွဲပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ခရိုင်အားကစားမှူးက အားကစားပစ္စည်းများကို ကျောင်းအုပ်ကြီးထံသို့ ပေးအပ်ထောက်ပံ့ ခဲ့သည်။
အဆိုပါဟောပြောပွဲအခမ်းနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ် ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment