ဧရာအားမာန်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလိမိတက်သို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အရင်းမပျောက် မတည်ငွေပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာအားမာန်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလိမိတက်သို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အရင်းမပျောက် မတည်ငွေပေးအပ်ပွဲကျင်းပ


MNP ၊    ဇွန်   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာတွင် သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ဧရာအားမာန်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလိမိတက်သို့ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အရင်းမပျောက် မတည်ငွေပေးအပ်ပွဲ ကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်သည်။


အဆိုပါ ဧရာအားမာန်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလိမိတက်သို့ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အရင်းမပျောက်မတည်ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ဧရာအားမာန် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း လိမိတက်မှ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် အခြေအနေတို့အား Projector ဖြင့် ရှင်းလင်းတင်ပြသည်။


 ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် ဖျာပုံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးတို့က စပါးမျိုးပြောင်းလဲ စိုက်ပျိုးမည့် အခြေအနေများနှင့် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ရေချိုရရှိရေးဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ 


ဆက်လက်၍ ယွန်းလျှံကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်မျိုးဦးက ဧရာအားမာန်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၏ စိုက်ပျိုးရေးလုပ်ငန်း များနှင့် ပတ်သက်၍ ယွန်းလျှံကုမ္ပဏီမှ ကူညီ ဆောင်ရွက်ပေးမည့် အခြေအနေတို့အား ရှင်းလင်းတင်ပြရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားပြီး ဧရာအားမာန်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း လိမိတက်သို့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အရင်းမပျောက် မတည်ငွေကျပ် (၄၇၅.၅၀)သိန်းအား ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ ဧရာအားမာန် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းတာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။ 


ထို့နောက် ဧရာအားမာန်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလိမိတက် အသင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


အောင်ဝင်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)