MNP ၊ ဇွန် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ကျောက်မြောင်းမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမတွင် လူငယ်နှင့်ပညာရေးအကြောင်း အသိပညာပေး Talk Showကို ယမန်နေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show ကို ကျောက်မြောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်အေးမူ(အ.ထ.ပြ) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီထွေး တို့မှမေးမြန်း ဆွေးနွေးခဲ့ကြည်။ ရှေးဦးစွာ ဒေါ်သိင်္ဂီထွေးမှ လူငယ်နှင့်ပညာရေး အဓိပ္ပါယ်အကြောင်း ရှင်းလင်းပြောကြားပေးနိုင်ပါရန် မေးမြန်းခဲ့သည်။ ထို့နောက် ဆရာမဒေါ်အေးမူမှ လူငယ်ဆိုသည်မှာ နောင်အနာဂတ်မှာ နိုင်ငံနှင့်လူမျိုးအတွက် ဦးဆောင်မည့် မျိုးဆက်သစ်လူငယ်လေးတွေ ဖြစ်သည့်အတွက် လူငယ်တွေ အနေနဲ့ဦးဆောင်နိုင်ဖို့အတွက် ပညာအရည်အချင်း ပြည့်ဝဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။ လူငယ်တွေမှာ ပညာ အရည်အချင်း ပြည့်ဝဖို့အတွက် ငယ်ရွယ်စဥ်ကတည်းက ပညာကို ဂရုတစိုက် လေ့လာပြီး ပညာသင်ကြားရမည်ဖြစ်သည်။
ဆက်လက်၍ ဒေါ်သိင်္ဂီထွေးမှ ယနေ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်နေတဲ့ခေတ် လူငယ်တွေအနေနဲ့ တိုးတက်ပြောင်းလဲလာတဲ့ပညာရေးစနစ် ဘယ်လိုလေ့လာနိုင်တဲ့အကြောင်း မေးမြန်းခဲ့ရာဆရာမ ဒေါ်အေးမူမှ လူငယ်တွေအနေနဲ့ ယခုလို ခေတ်မှီဖွိ့ဖြိုးတိုးတက်နေတဲ့ခေတ်မှာ ကျောင်းစာများအပြင် မိမိတို့ သိလိုသည့် အကြောင်းအရာများကို အင်တာနက်ပေါ်တွင် အလွယ်တကူ ရှာဖွေလေ့လာသင်ယူနိုင်သည့်အတွက် ကျောင်းပညာရေးအပြင် ပြင်ပဗဟုသုတများများစွာ ကြွယ်ဝလာပြီး နိုင်ငံတော်အတွက်ဦးဆောင်နိုင်မည့်လူတော်လူကောင်းများဖြစ်လာမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။
ကျောက်မြောင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment