MNP ၊ ဇွန် ၁၃
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ စူဠာမဏိဘုရားအတွင်းမှ အလှူခံပုံးကို ရိုက်ခွဲပြီး အလှူငွေများ ခိုးယူသွားသည့် တရားခံ သူခိုးဖြစ်သူကို ဖမ်းဆည်းရမိပြီဖြစ်ကြောင်း သိရသည်။
ယင်းသူခိုးသည် ယမန်နေ့ (ဇွန်လ ၁၂ ရက်)တွင် အလှူခံပုံးကိုရိုက်ခွဲကာ အလှူငွေများ ခိုးယူသွားခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးပြည်သူတစ်ဦး၏ သတင်းပေးပိုမှုအရ စီစီတီဗီ မှတ်တမ်းမှတစ်ဆင့် ပြန်လည်ကြည့်ရှုပြီးနောက် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလှူငွေများ ခိုးသွားသည့် သူခိုး (အမျိုးသား)ကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အရှေ့မြိုပတ်လမ်းပေါ်၌ ခိုးယူသွားသည့် အလှူငွေ ၂ သိန်းခွဲကျော်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
#MyanmarNationalPost
No comments:
Post a Comment